Regional veterans join Klareco in next growth phase
Klareco Communications, an award-winning strategic communications consultancy in Asia, welcomes two industry seniors into its fold. With a focus on providing clarity in complex communications challenges across Asia, Klareco brings together proven industry leaders with the aim of becoming Asia’s powerhouse in strategic communications.
Ang Shih-Huei, Klareco Communications CEO, commented, “As we expand our presence in the region, it’s important to continue bringing to our clients the strategic counsel required for international firms seeking to deepen their Asia footprint, and to navigate on behalf of Asia-based companies that are extending their international reach. I am also excited to bolster our senior leadership and create a platform for talent that leverages our culture of entrepreneurship to pursue exciting opportunities, and to deliver creative solutions for our clients.”
The Asia-based organisation co-founded by Shih-Huei and Managing Director Mark Worthington is now joined by communications veterans Yvonne Koh and Prisita Menon as Senior Directors of Klareco. Both Senior Directors will undergo a formal Partner appointment process, with a view to providing insight-driven communications counsel and reputation management for in-country, regional and international remits.
Yvonne is a global communications leader with more than two decades of experience in campaigns and communications across the Asia Pacific and U.S. markets. As a trusted veteran in the field, Yvonne has led agency and in-house teams in winning several regional industry awards. Her industry experience includes fintech, consumer packaged goods, retail, lifestyle, travel, hospitality, healthcare and government communications. Yvonne has also previously led both public affairs and consumer teams in regional and multinational companies. Her recent roles include Asia Pacific Head of Communications at PayPal, Managing Director of Southeast Asia at MSL Singapore, and Senior Vice President in MSL’s New York office.
“I look forward to working with our clients to navigate the complex communications landscape in an age where digital transformation, disruption, and change are often the only constants,” said Yvonne. “My previous experiences working with Klareco have made me appreciate their international-mindedness, regional outlook, and local expertise in providing the high-level counsel that in-house communications experts need. The Klareco team were a valuable asset to me when I was in-house, and it will be fulfilling for me to return the favour as I work with our consultants, who are the next generation of communications professionals.”
Prisita comes with 13 years of communications experience in both in-house and agency roles. Her wealth of practice in professional services, financial communications, and fintech were drawn from her communications background in industries across asset management, property, government, micro-financing, financial services, and public affairs. She was most recently the Head of Cognito Singapore, where she was responsible for laying the firm’s foundational focus for its clients and expanding the team. She was also at the Ministry of Manpower for four years, where she worked on inter-governmental initiatives and worked closely with advertising agencies to drive awareness campaigns. In her early career at Ogilvy, Prisita honed her senses for integrated communications approaches through public and corporate sector 360 campaigns.
Prisita said, “I am thrilled to be taking Klareco to the next level along with the team. In this rapidly evolving business environment, we see more firms valuing, future-proofing, and protecting their corporate and brand reputations. There is an increasing demand for trusted agency partners that understand the client’s business and industry as well. Our clients entrust us with their assets, and I look forward to nurturing our clients’ reputation and communications methods with Klareco’s heritage and strategic counsel.”
ဒေသခံပညာရှင်များသည် နောက်ထပ်ပြောင်းလဲမှုအဆင့်တွင် Klareco နှင့်အတူ ပူးပေါင်ပါဝင်သည်
အာရှတွင် ဆုရရှိထားသော မဟာဗျူဟာမြောက် ဆက်သွယ်ပြောဆိုရေးအတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်သည့် Klareco Communications သည် အတွေ့အကြုံရင့်လုပ်ငန်းနှစ်ခုကို ၎င်း၏အဝိုက်အဝန်းထဲသို့ ဖိတ်ခေါ်ကြိုဆိုခံပါသည်။ အာရှတစ်လွှား၌ ရှုပ်ထွေးလှသော ဆက်သွယ်ပြောဆိုရေးစိန်ခေါ်မှုများကို ရင်ဆိုင်၍ ရှင်းလင်းပြတ်သားမှုကို ကူညီပေးဆောင်ရန်အာရုံစိုက်လုပ်ဆောက်လျက် ရှိပါသည်။ Klareco သည် မဟာဗျူဟာမြောက် ဆက်သွယ်ပြောဆိုရေးကဏ္ဍတွင် အာရှ၏ စွမ်းအားကြီးမားသည့်လုပ်ငန်းဖြစ်လာရန် ရည်ရွယ်ချက်ဖြင့် ခိုင်မာသည့်လုပ်ငန်းဦးဆောင်သူများနှင့်အတူ လုပ်ကိုင်နေပါသည်။
“ကျွန်မတို့ဟာ ဒီနယ်ပယ်မှာ ကျွန်မတို့ရဲ့ပါဝင်မှုကို ချဲ့ထွင်နေတာနဲ့ တစ်ချိန်တည်းမှာပဲ အာရှမှာ ကောင်းကောင်းခြေကုပ်ရနိုင်ဖို့ အားထုတ်နေတဲ့ နိုင်ငံတကာလုပ်ငန်းတွေအတွက် မဟာဗျူဟာမြောက်အကြံဉာဏ်တွေကို ဆက်လက်ပေးအပ်နိုင်ဖို့နဲ့ နိုင်ငံတကာပေါက်ရောက်မှုကို ချဲ့ထွင်နေကြတဲ့ အာရှအခြေစိုက်ကုမ္ပဏီတွေရဲ့ကိုယ်စား လမ်းညွှန်ပြသပေးနိုင်ဖို့ဟာ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ စီနီယာခေါင်းဆောင်ပိုင်းကို ထောက်ခံအားပေးဖို့နဲ့ ကျွန်မတို့ရဲ့စွန့်ဦးတီထွင်လိုစိတ်ကို အားကောင်းစေမယ့် စွမ်းရည်များအတွက် အခြေခံလမ်းစဉ်တစ်ခုဖန်တီးဖို့ကိုလည်း ကျွန်မအနေနဲ့ စိတ်အားတက်ကြွနေပါတယ်။ အဲ့ဒီကနေ စိတ်လှုပ်ရှားဖွယ်အခွင့်အရေးတွေကို လိုက်လံရယူနိုင်မယ်၊ ကျွန်မတို့ရဲ့ဖောက်သည်တော်တွေအတွက် ဖန်တီးနိုင်စွမ်းရှိတဲ့ဖြေရှင်းနည်းတွေကို ပေးဆောင်နိုင်ပါမယ်” ဟု Klareco Communications ၏ CEO ဖြစ်သူ Ang Shih-Huei က မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
Shih-Huei နှင့် မန်နေဂျင်းဒါရိုက်တာ Mark Worthington တို့ ပူးတွဲတည်ထောင်ခဲ့သည့် အာရှအခြေစိုက်လုပ်ငန်းအဖွဲ့အစည်းတွင် ဆက်သွယ်ပြောဆိုရေးပညာရှင်များဖြစ်သော Yvonne Koh နှင့် Prisita Menon တို့က Klareco ၏ အကြီးတန်းဒါရိုက်တာများအဖြစ် ယခု ပူးပေါင်းလုပ်ကိုင်နေပြီဖြစ်သည်။ အကြီးတန်းဒါရိုက်တာနှစ်ယောက်စလုံးသည် တရားဝင်ပါတနာခန့်အပ်ရေးလုပ်ငန်းစဉ်ကို ကျော်ဖြတ်ရမည်ဖြစ်ကာ ထိုးထွင်းသိခြင်မှုကိုအခြေခံ၍ ဆက်သွယ်ပြောဆိုရေးအကြံဉာဏ်ကို ပေးဆောင်ပြီး နိုင်ငံတွင်း၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာဆိုင်ရာ တရားဝင်လုပ်ပိုင်ခွင့်များအတွက် ဂုဏ်သိက္ခာစီမံခန့်ခွဲမှုကို ပေးအပ်လုပ်ဆောင်သွားမည် ဖြစ်သည်။
Yvonne သည် အာရှပစိဖိတ်နှင့် အမေရိကဈေးကွက်တစ်ခွင်ရှိ လှုံ့ဆော်ပွဲများနှင့် ဆက်သွယ်ပြောဆိုရေးတို့တွင် ဆယ်စုနှစ် ၂ ခုကျော်ကြာအောင် အတွေ့အကြုံရှိထားသည့် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ပြောဆိုရေးလုပ်ငန်းကို ဦးဆောင်နေသူဖြစ်သည်။ ဤနယ်ပယ်တွင် ယုံကြည်စိတ်ချရသောပညာရှင်အနေဖြင့် Yvonne သည် ဒေသတွင်းလုပ်ငန်းဆိုင်ရာဆုတံဆိပ်များစွာရရှိစေရန် အေဂျင်စီနှင့် ရုံးတွင်းအဖွဲ့များကို ဦးဆောင်ခဲ့သည်။ သူမ၏ လုပ်ငန်းအတွေ့အကြုံတွင် ငွေရေးကြေးရေးဆိုင်ရာ နည်းပညာ၊ တန်ဖိုးနည်းအရောင်းသွက်ကုန်ပစ္စည်းများ၊ လက်လီ၊ ဘဝနေထိုင်မှုပုံစံ၊ ခရီးသွား၊ ဧည့်ခံပြုစုရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစိုးရဆက်သွယ်ပြောဆိုရေးများ ပါဝင်ပါသည်။ Yvonne သည် ဒေသဆိုင်ရာနှင့် နိုင်ငံပေါင်းစုံကုမ္ပဏီများရှိ ပြည်သူ့ရေးရာများနှင့် သုံးစွဲသူအဖွဲ့များကိုလည်း ယခင်က ဦးဆောင်လုပ်ကိုင်ခဲ့သည်။ သူမ၏ မကြာသေးမီက အခန်းကဏ္ဍများတွင် PayPal ၌ အာရှပစိဖိတ်၏ ဆက်သွယ်ပြောဆိုရေး ဥက္ကဌ၊ MSL စင်္ကာပူ၌ အရှေ့တောင်အာရှ၏ မန်နေဂျင်းဒါရိုက်တာနှင့် MSL နယူးယောက်ရုံး၌ အကြီးတန်းဒုတိယဥက္ကဌတို့ ပါဝင်ပါသည်။
“ဒစ်ဂျစ်တယ်ပြောင်းလဲခြင်း၊ ပြိုကွဲပျက်စီးခြင်းနှင့် ပြောင်းလဲခြင်းတွေ ပုံမှန်ဖြစ်ပေါ်နေတဲ့ခေတ်၊ ဆက်သွယ်ပြောဆိုရေးရုပ်ထွေးတဲ့ခေတ်မှာ လမ်းညွှန်လုပ်ကိုင်ပေးဖို့ ကျွန်မတို့ရဲ့ဖောက်သည်တွေနဲ့လက်တွဲလုပ်ကိုင်ဖို့ကို ကျွန်မအနေနဲ့ စောင့်မျှော်နေပါတယ်” ဟု Yvonne က ပြောခဲ့သည်။ “Klareco နဲ့အတူအလုပ်လုပ်ခဲ့တဲ့ ကျွန်မရဲ့အရင်ကအတွေ့အကြုံတွေကြောင့် သူတို့ရဲ့ နိုင်ငံတကာစိတ်သဘောထား၊ ဒေသတွင်းရှုမြင်ပုံနဲ့ ရုံးတွင်းဆက်သွယ်ပြောဆိုရေးပညာရှင်တွေ လိုအပ်တဲ့ အကောင်းဆုံးအကြံဉာဏ်ကို ပေးနိုင်မှု စတာတွေကို ကျွန်မအနေနဲ့ ကျေးဇူးတင်အသိအမှတ်ပြုမိပါတယ်။ Klareco အဖွဲ့ဟာ ကျွန်မရုံးကိုရောက်ခဲ့တုန်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မဟာ ဒီအဖွဲ့ရဲ့ နောင်လာမယ့် ဆက်သွယ်ပြောဆိုရေးပညာရှင်မျိုးဆက်တွေကို ပြန်လည်ကူညီပျိုးထောင်ပေးနိုင်မယ်ဆို ပိုပြီးကျေနပ်စရာဖြစ်ပါလိမ့်မယ်” ဟု ပြောခဲ့ပါသည်။
Prisita သည် ရုံးတွင်းနှင့် အေဂျင်စီကဏ္ဍနှစ်ခုစလုံးတွင် ၁၃ နှစ်တာ ဆက်သွယ်ပြောဆိုရေးအတွေ့အကြုံများ ရှိသူဖြစ်သည်။ သူမ၏ ပညာရှင်ဆန်သည့် ဝန်ဆောင်မှုများ၊ ငွေရေးကြေးရေးဆိုင်ရာ ဆက်သွယ်ပြောဆိုရေးများနှင့် ငွေရေးကြေးရေးဆိုင်ရာ နည်းပညာများတွင် ကျွမ်းကျင်မှုကြွယ်ဝမှုကို ပိုင်ဆိုင်ပစ္စည်းစီမံခန့်ခွဲမှု၊ အိမ်ခြံမြေ၊ အစိုးရ၊ အသေးစားငွေချေးလုပ်ငန်း၊ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပြည်သူ့ရေးရာလုပ်ငန်းနယ်ပယ်များတွင် သူမ၏ ဆက်သွယ်ပြောဆိုရေးအတွေ့အကြုံများမှတစ်ဆင့် ရယူပိုင်ဆိုင်နိုင်ခဲ့ပါသည်။ သူမသည် Cognito Singapore ၏ နောက်ဆုံး ဥက္ကဌဟောင်းဖြစ်ခဲ့သည်။ သူမသည် ဖောက်သည်များနှင့် အဖွဲ့ကိုတိုးချဲ့ခြင်းအတွက် လုပ်ငန်း၏ အခြေခံဦးတည်ရာကို ချမှတ်ပုံဖော်ရာတွင် တာဝန်ယူဆောင်ရွက်ခဲ့သည်။ သူမသည် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာနတွင်လည်း ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ အစိုးရအချင်းချင်းအကြား ပဏာမခြေလှမ်းများအတွက် အလုပ်လုပ်ခဲ့ပြီး အသိပညာဖြန့်ဝေရေးလှုံ့ဆော်မှုများလုပ်ဆောင်ရန် ကြော်ငြာအေဂျင်စီများနှင့် အနီးကပ်အလုပ်လုပ်ခဲ့သည်။ Ogilvy တွင် သူမ၏လုပ်သက်အစ၌ Prisita သည် ပြည်သူနှင့် ကော်ပိုရိတ်ကဏ္ဍ ၃၆၀ လှုံ့ဆော်အားပေးပွဲများမှတစ်ဆင့် ဘက်ပေါင်းစုံပြောဆိုဆက်ဆံရေးချဉ်းကပ်မှုများအတွက် သူမ၏ ဉာဏ်ရည်ဉာဏ်သွေးများကို ထက်မြက်အောင်သွေးယူခဲ့သည်။
“အဖွဲ့နဲ့အတူ Klareco ကို နောက်တစ်ဆင့်ရောက်အောင်ပို့ဖို့ ကျွန်မ စိတ်လှုပ်ရှားပီတိဖြစ်နေပါတယ်။ ဒီလို မြန်မြန်ဆန်ဆန်ပြောင်းလဲဖြစ်ပေါ်နေတဲ့ အလုပ်ပတ်ဝန်းကျင်မှာ လုပ်ငန်းများကို ပိုမိုတန်ဖိုးထားခြင်း၊ အနာဂတ်ခိုင်မာရှင်သန်ရေး၊ မိမိကော်ပိုရိတ်နဲ့ ကုန်အမှတ်တံဆိပ်ရဲ့ဂုဏ်သတင်းတွေကို ထိန်းသိမ်းကာကွယ်ခြင်းတွေကို တွေ့လာရပါတယ်။ ဖောက်သည်၏ အလုပ်နှင့် လုပ်ငန်းနယ်ပယ်ကိုပါ နားလည်သဘောပေါက်တဲ့ ယုံကြည်ကိုးစားရမယ့် အေဂျင်စီပါတနာတွေကို များစွာလိုအပ်နေပါတယ်။ ကျွန်မတို့ရဲ့ဖောက်သည်တွေဟာ သူတို့ရဲ့အဖိုးတန်အရာတွေနဲ့ပတ်သက်ပြီး ကျွန်မတို့ကို ယုံကြည်အပ်နှံထားပါတယ်၊ ပြီးတော့ ကျွန်မတို့ဖောက်သည်တွေရဲ့ ဂုဏ်သတင်းနဲ့ ဆက်သွယ်ပြောဆိုရေးလမ်းစဉ်တွေကို Klareco ၏ ကျင့်ထုံးအမွေအနှစ်နဲ့ မဟာဗျူဟာမြောက်အကြံဉာဏ်တွေနဲ့အတူ အားပေးစောင့်ရှောက်ဖို့ ကျွန်မ စောင့်မျှော်နေပါတယ်” ဟု Prisita က ပြောခဲ့သည်။