ဖြစ်ရပ်လေ့လာချက် – ဧည့်ဝတ်ကျေပွန်မှု နယ်ပယ်တွင် နိုင်ငံတကာအဆင့် ဦးဆောင်သူ အမှတ်တံဆိပ်ကို အင်အားဖြည့်ဆည်းပေးခြင်း
လုပ်ငန်းရာဇဝင်တွင်အဆင့်အတန်းမြင့်မားသောဝန်ဆောင်မှု၊ ဟိုတယ်နေအိမ်များနှင့် သေးငယ်သော်လည်း စတိုင်ကျလှပသော ဟိုတယ်များ ပါဝင်သည့် နိုင်ငံတကာအဆင့် ဟိုတည်လုပ်ငန်းတစ်ခုသည် ပြိုင်ဆိုင်မှု တိုးပွားလာသည်နှင့်အမျှ အရေးပါသူများ စိတ်ဦးစားပေး အမှတ်တံဆိပ်အဖြစ် ဆက်လက်ရှိစေချင်ပါသည်။ အရေးအကြီးဆုံးအချက်မှာ ထိုကုမ္ပဏီသည် များစွာသော အမှတ်တံဆိပ်များကိုအသုံးပြု၍ မတူညီသော ဈေးကွက်များအတွင်း ထိုးဖောက်ဝင်ရောက်ပြီး ချဲ့ထွင်မှုနှင့်အတူ ၎င်းတို့ကုမ္ပဏီအား နိုင်ငံတကာ၌ ထိပ်တန်းသို့ ရောက်ရှိလိုပါသည်။
ကျွန်ုပ်တို့သည် လုပ်ငန်းအပ်နှံသူ၏ အမှတ်တံဆိပ် တည်နေရာကို ပိုမိုခိုင်မာစေရန်အတွက် ၎င်း၏ သုံးစွဲသူ အပြုအမူအား နားလည်သဘောပေါက်ပုံနှင့် လုပ်ငန်းတွင်း အခြေအနေများအား အမြန်တုန့်ပြန်နိုင်စွမ်းတို့ကို သရုပ်ပြမည့် သတင်းစကားများကို ဖန်တီးပေးခြင်းဖြင့် ဆက်ဆံမှုဆိုင်ရာ နည်းဗျူဟာတစ်ခုကို လုပ်ဆောင်ပေးခဲ့ပါသည်။ ၎င်းကို အင်တာဗျူးများနှင့် မှတ်ချက်များဖြင့် အမှုဆောင်အရာရှိချုပ်အား လုပ်ငန်းတွင်း ကြံ့ခိုင်သော ခေါင်းဆောင်တစ်ဦးအဖြစ် ပုံဖော်ပေးနိုင်ရန် ဆက်တိုက်လုပ်ဆောင်မှုများဖြင့် အားဖြည့်ပေးခဲ့ပါသည်။
တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ကုမ္ပဏီ၏ နိုင်ငံတကာဆိုင်ရာ ဝန်ထမ်းများ အကျပ်အတည်း အခြေအနေတစ်ခု၌ အသင့်တုံ့ပြန်နိုင်စေရန်အတွက် အကျပ်အတည်းဆိုင်ရာ ဆက်ဆံမှုအစီအစဉ် တစ်ခုကို လုပ်ဆောင်ပေးခဲ့ပါသည်။
ကျွန်ုပ်တို့၏ မီဒီယာနှင့် ချိတ်ဆက်မှုကြောင့် ပထမ လအနည်းငယ် အတွင်း၌ပင် နိုင်ငံတွင်းနှင့် ကုန်သွယ်မှုဆိုင်ရာ ထိပ်တန်း စာစောင်/သတင်းစာများ၌ ဆောင်းပါး/သတင်းပေါင်း ၂၅၀ ကျော် ပေါ်ထွက်လာပြီး လုပ်ငန်းအပ်နှံသူ၏ တည်နေရာမဏ္ဍိုင်နှင့် အမှတ်တံဆိပ် တန်ဖိုးတို့ကို အပြည့်အဝ သိနားလည်စေခဲ့ပါသည်။
ဖြစ်ရပ်လေ့လာချက် – ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံသူကို အဆင့်မြှင့်တင်ပေးခြင်း
ဟိုတယ်မြေနေရာများ၌ ထိပ်တန်းရင်းနှီးမြှုပ်နှံသူ တစ်ဦးမှ ၎င်း၏ REIT မိတ်ဆက်အစီအစဉ်ကို ရပ်တန့်ထားချိန်တွင် ၎င်း၏ ပမာဏအမြောက်အမြား ရင်းနှီးမြှုပ်နှံထားမှုအား လူသိများစေရန်နှင့်၊ ၎င်းအပေါ် ယုံကြည်မှု တိုးမြှင့်ရန် Klareco ကိုတာဝန်ပေးခဲ့ပါသည်။
လုပ်ငန်းသမိုင်းကြောင်းဆိုင်ရာ အင်တာဗျူးများမှတစ်ဆင့် ကျွန်ုပ်တို့သည် ထိုကုမ္ပဏီကို ဟိုတယ်လုပ်ငန်းအပေါ် စိတ်အားထက်သန်သော အဖွဲ့တစ်ဖွဲ့မှ ဦးဆောင်ထားသည့် ဈေးကွက်ဦးဆောင်၊ ပြောင်းလဲမြန်ဆန်ပြီး လျှင်မြန်သည့် ရင်းနှီးမြှုပ်နှံသူ အဖွဲ့အဖြစ် ပုံဖော်ပေးခဲ့ပါသည်။ ကျွန်ုပ်တို့သည် ထိုအဖွဲ့မှ ရှယ်ယာရှင်များနှင့် CEO တို့ကို အင်တာဗျူးများ လုပ်ဆောင်ပေးခြင်းဖြင့် ၎င်းကုမ္ပဏီ၏ စီးပွားရေးဆိုင်ရာ အမြင်ထက်မြက်မှုများ အသုံးပြုလေ့ရှိသည့် ဓလေ့စရိုက်နှင့် ဟိုတယ်လုပ်ငန်းတွင်း ပိုင်ဆိုင်မှုများ၏ တန်ဖိုးနှင့် အလားအလာတို့ကို ဖော်ထုတ်ပေးနိုင်သည့် အမြင်တို့အကြောင်းကို ပြသပေးရန်လည်း အကြံပြုပေးခဲ့ပါသည်။
ကျွန်ုပ်တို့သည် ပုံနှိပ်နှင့် အွန်လိုင်း မီဒီယာများမှတစ်ဆင့် ဦးတည်ဈေးကွက်များဖြစ်သော စင်္ကာပူနှင့် သြစတြေးလျတို့မှ ဖတ်ရှုသူပေါင်း ၃၆ သန်းထံသို့ ရောက်ရှိခဲ့သည့် အောင်မြင်သော စည်းရုံးလှုံ့ဆော်မှု တစ်ခုကို လုပ်ဆောင်ပေးနိုင်ခဲ့ပြီး ကုမ္ပဏီ၏ အင်အားနှင့် အမှတ်တံဆိပ်တန်ဖိုးအပေါ် အသိအမှတ်ပြုသည့် အမြင်များကို ပြန်လည်နှိုးဆွနိုင်ခဲ့ပါသည်။