အာရှတစ်လွှားတွင် FinTech ဆက်ဆံမှုအတွက် လမ်းဖောက်သူအဖြစ် လူသိများသော Klareco သည် ထိုနယ်ပယ်အတွင်းမှ Client အများအပြားကို Blockchain နည်းပညာကဲ့သို့သော ရှုပ်ထွေးသည့် လုပ်ငန်းများကို ရှင်းလင်းစွာ နားလည်ပြီး ၎င်းတို့လုပ်ငန်းများအကြောင်း နားလည်မှုပိုစေရန်အတွက် ကူညီပေးခဲ့ပါသည်။ ထို့ပြင် Klareco သည် ရှုပ်ထွေးပြီး စိတ်ဝင်စားဖွယ် ဇာတ်ကြောင်းများကို ဖန်တီးခြင်းဖြင့် Client များကို ၎င်းတို့၏ နည်းပညာများမှ ရပ်ရွာများအပေါ် အပြုသဘောဆောင် သက်ရောက်နိုင်စွမ်းတို့ကို စစ်မှန်သော နည်းလမ်းများဖြင့် သရုပ်ပြရာတွင် ကူညီပေးခဲ့ပါသည်။
Klareco မှ ဤအခန်းကဏ္ဍအတွင်း နက်ရှိုင်းစွာ နားလည်သဘောပေါက်ရခြင်း အကြောင်းရင်းမှာ ထိုလုပ်ငန်းအတွင်း အဆက်အသွယ် ကောင်းမွန်ခြင်းကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အာရှ၏ ဈေးကွက်ဦးဆောင် FinTech ကွန်ဖရင့်များ၌ ကျွမ်းကျင်သူများအကြား ဆွေးနွေးမှုများတွင် ပါဝင်ပြီး ဆန်းသစ်တီထွင်မှုပိုင်း၌ အရေးအကြီးဆုံးသော အမည်များကို တွေ့ဆုံပေါင်းစည်းပေးနိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် စွန့်ဦးတီထွင်သူများနှင့် အကြီးတန်း စီမံခန့်ခွဲမှုပိုင်းအပြင် ရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းသစ်များ စတင်နိုင်ရန် အားပေးသူများနှင့် အရှိန်အဟုန်မြှင့် အစီအစဉ်များနှင့်အတူ လုပ်ငန်းလုပ်ဆောင်ပြီး ၎င်းတို့၏ ကုမ္ပဏီ လုပ်ငန်းရာဇဝင်ကို ကူညီမြှင့်တင်ပေးလျက် ရှိပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို လုပ်ငန်းအပ်နှံသူ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ပြင်ဆင်ထားပါသည်။ နည်းဗျူဟာဆိုင်ရာ အစီအစဉ်ချမှတ်ခြင်း၊ တွေးခေါ်ဦးဆောင်မှု အစီအစဉ်များနှင့် ဆန်းသစ်လှုံ့ဆော်မှုများမှသည် မီဒီယာများနှင့် မိတ်ဖက်ဆက်ဆံမှုများအထိ ကျွန်ုပ်တို့ လုပ်ငန်းအပ်နှံသူများအတွက် အောင်မြင်သော လုပ်ဆောင်ချက်များကို စတင်ပေးခဲ့ပြီး အလားအလာရှိသော ကုမ္ပဏီသစ်များမှ နာမည်ကြီး အမှတ်တံဆိပ်များအထိ အမှတ်တံဆိပ်ကို ပုံဖော်ရာတွင် ကူညီပေးနိုင်ခဲ့ပါသည်။
ဖြစ်ရပ်လေ့လာမှု – Blockchain နယ်ပယ်၌ ကျွမ်းကျင်မှု
အမေရိကန်မှ ထိပ်တန်း Distributed Ledger နည်းပညာ ကုမ္ပဏီတစ်ခုသည် အာရှသို့ လုပ်ငန်းဖြန့်ကျက်ရာတွင် ၎င်း၏ အပြိုင်အဆိုင် များနေပြီဖြစ်သော FinTech ဈေးကွက်တွင် ၎င်းတို့၏ မတူထူးခြားသော ဝန်ဆောင်မှုများအား သရုပ်ပြနိုင်ရန်အတွက် Klareco အား ဆက်သွယ်လာပါသည်။
ကျွန်ုပ်တို့သည် လုပ်ငန်းအပ်နှံသူ၏ ဦးတည်ဆွဲဆောင်ရမည့် နယ်ပယ်များဖြစ်သော ဘဏ်များ၊ ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် စည်းကြပ်သူများထံသို့ ရောက်ရှိခဲ့သည့် စည်းရုံးလှုံ့ဆော်ချက် တစ်ခုကို ဖန်တီးခဲ့ပြီး အာရှတစ်ခွင်၌ မီဒီယာများမှ သတင်းများတွင် အဆင့် – ၁ နေရာ၌ ထည့်သွင်းပေးခြင်းဖြင့် ၎င်း၏ အမှတ်တံဆိပ်အပေါ် လူသိများထင်ရှားစေခဲ့ပြီး လုပ်ငန်းအပ်နှံသူအား နယ်ခြားဖြတ်ကျော် ငွေပေးချေမှုများနှင့် ငွေပြန်ပို့မှုများအတွက် ပထမဆုံး သတိရရမည့် ကျွမ်းကျင်သူအဖြစ် အများသိစေခဲ့ပါသည်။
ဖြစ်ရပ်လေ့လာမှု – FinTech တွင် ခိုင်မြဲသော တွေးကြံဦးဆောင်မှု
Klareco သည် ကမ္ဘာ့ထိပ်တန်း အွန်လိုင်းငွေပေးချေမှု ပလက်ဖောင်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ကိုင်၍ ၎င်းကုမ္ပဏီအား လုပ်ငန်းအတွင်း ကုမ္ပဏီအဟောင်းတစ်ခု ဖြစ်သော်လည်း FinTech နယ်ပယ်၌ ဆန်းသစ်တီထွင်နိုင်သော ဦးဆောင်သူအဖြစ် ၎င်းနေရာကို ဆက်လက် ထိန်းသိမ်းစေနိုင်ခဲ့ပါသည်။
ကျွန်ုပ်တို့သည် လုပ်ငန်းအပ်နှံသူများနှင့် နီးစပ်စွာ ပူးတွဲလုပ်ဆောင်ခြင်းဖြင့် ပြီးပြည့်စုံသော သုတေသန အစီရင်ခံစာများအပြင် လုပ်ငန်းအပ်နှံသူတို့၏ ဒစ်ဂျစ်တယ် ငွေပေးချေမှုအား လက်ခံအသုံးချခြင်း၊ သုံးစွဲသူများနှင့် ရောင်းချသူ/အရောင်းဆိုင်များအား အင်အားပေးခြင်းတို့၌ ဦးဆောင်နိုင်စွမ်းကို သရုပ်ပြသည့် နိုင်ငံဆိုင်ရာ သီးခြား အစီရင်ခံစာ ခုနစ်ခုကို ရေးသားပေးခဲ့ပြီး အားလုံးအတွက် ဘဏ္ဍာရေးအရ ခိုင်မာမှုကို တိုးမြှင့်ပေးခဲ့ပါသည်။ ကျွန်ုပ်တို့သည် ဒေသတွင်းနှင့် နိုင်ငံတကာမှ မီဒီယာသတင်းများ၌ အကြီးအကျယ် ပါဝင်စေခြင်းဖြင့် ကျွန်ုပ်တို့ Client အား Fintech ဆန်းသစ်တီထွင်မှုများမှ တွေးကြံဦးဆောင်သူအဖြစ် ဆက်လက်ပုံဖော်ပေးနိုင်ခဲ့သည်။