ဖြစ်ရပ်လေ့လာချက် – သင်္ဘောလိုင်းကြီး တစ်ခုအား ရောင်းချမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ဖြေလျော့ပေးခြင်း
ပြီးခဲ့သည့် နှစ်များအတွင်း သင်္ဘောလုပ်ငန်းအတွင်း အကြီးမားဆုံးသော အရောင်းအဝယ် ကိစ္စရပ် တစ်ခုအတွက် ကုန်တင်ပို့ခြင်းဆိုင်ရာ ထောက်ပံ့ပို့ဆောင်လုပ်ငန်း ကုမ္မဏီကြီးတစ်ခုက ကျွန်ုပ်တို့ကို ၎င်းတို့အား ပြိုင်ဘက်ကုမ္ပဏီတစ်ခုမှ ဝယ်ယူရန် အဆိုပြုထားသည့် အချိန်ကာလ မတိုင်မီ အတွင်းအပြင်မှ အရေးပါ အရာရောက်သူများထံ သတင်းစကားပေး၊ ဆက်ဆံမှုဆိုင်ရာ နည်းဗျူဟာတစ်ခုကို ဖန်တီးပေးရန်အတွက် ကျွန်ုပ်တို့အား တာဝန်ပေးခဲ့ပါသည်။ အခြား ထည့်သွင်းစဉ်းစားစရာများ အပြင် ထိုရောင်းချမှုကို လုပ်ဆောင်နိုင်ရန်အတွက် အဓိက အခက်အခဲတစ်ခုမှာ နိုင်ငံ့အမှတ်တံဆိပ် လုပ်ငန်းတစ်ခုအား နိုင်ငံရပ်ခြားမှ ပိုင်ရှင်တစ်ဦးထံ ရောင်းချခြင်းနှင့် ပတ်သက်၍ အများပြည်သူတို့၏ အမြင်ပင် ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် သက်ဆိုင်ရာ စီမံခန့်ခွဲမှု၊ တရားရေးရာ တိုင်ပင်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးတို့နှင့် ပူးပေါင်း၍ မတူညီသော အရေးပါသူများ အားလုံးခံစားနိုင်မည့် အဓိက သတင်းစကားတစ်ခုကို ဝယ်ယူသူ၏ စင်္ကာပူနိုင်ငံအပေါ် အားထုတ်လုပ်ဆောင်မှုနှင့် ထိုရောင်းချမှုသည် စင်္ကာပူ၏ ရေကြောင်းအဆင့်အတန်းကို လျော့ကျစေသည် မဟုတ်ဘဲ ထောက်ခံပေးမည့် ပြယုဂ်တစ်ခု ဖြစ်ကြောင်း အသားပေးဖော်ပြ၍ ဖန်တီးပေးခဲ့ပါသည်။ မီဒီယာနှင့် အကဲဖြတ် လေ့လာသူများမှ ထောက်ပံ့မှုနှင့်အတူ ကျွန်ုပ်တို့Client သည် US$ 2.4 billion ဖြင့် အောင်မြင်စွာ ရောင်းချနိုင်ခဲ့ပါသည်။