ဖြစ်ရပ်လေ့လာချက်
Klareco သည် နိုင်ငံလူထုအတွင်း ကျန်းမာရေးနှင့် ညီညွတ်သော အပြုအမူများကို မြှင့်တင်ပေးရန်အတွက် တာဝန်ရှိသည့် ထိပ်တန်း အစိုးရအေဂျင်စီတစ်ခုနှင့် ကာလရှည်ကြာ ဆက်နွယ်ခဲ့ပါသည်။ Klareco ကူညီမြှင့်တင်ပေးခဲ့သော လှုံ့ဆော်အားပေးမှုများတွင် ဆီးချိုရောဂါ ကနဦးဖြစ်ပွားမှုတို့ကို ကာကွယ်ရန်အတွက် ကျန်းမာရေး ဘုတ်အဖွဲ့၏ လုပ်ဆောင်ခဲ့သော အရေးကြီးလုပ်ငန်းလည်း ပါဝင်ပါသည်။ ထိုကိစ္စအတွက် ကျွန်ုပ်တို့သည် အသက်အရွယ်မရွေး၊ နောက်ခံအနေအထားမရွေး လုပ်ဆောင်နိုင်ပြီး ဆီးချိုရောဂါကို တားဆီးနိုင်သည့် သေးငယ်ပြီး လက်လှမ်းမှီနိုင်သော နေ့စဉ်နေထိုင်မှု အပြောင်းအလဲများနှင့် ပတ်သက်၍ နားလည်သဘောပေါက်မှုများ ပျံ့နှံ့စေရန်အတွက် အားပေးသည့် သတင်းစကားများနှင့် ဆောင်းပါးများကို အသုံးပြု၍ လူသိများစေရန် အပြင်းအထန် လုပ်ဆောင်နိုင်ခဲ့ပါသည်။
ဖြစ်ရပ်လေ့လာချက်
နိုင်ငံတကာမှ ကွန်ဒုံးထုတ်လုပ်သူ ကုမ္ပဏီတစ်ခုသည် စင်္ကာပူမှ လူငယ်များအကြား လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ပညာပေးခြင်းနှင့် ပတ်သက်၍ သိနားလည်မှု မြှင့်တင်ပေးလိုခဲ့ပါသည်။ ထိုသို့စည်းရုံးလှုံ့ဆော်ရာတွင် ယဉ်ကျေးမှုပိုင်းအရ အထိမခံသည့် ကိစ္စများအကြား လမ်းကြောင်းထိန်းရန် လိုအပ်ပြီး အများပိုင် အဖွဲ့အစည်းများမှ အရေးပါအရာရောက်သူ အများအပြား ပါဝင်ရန် လိုအပ်သည့်အတွက် ထိုကုမ္ပဏီသည် ကျွန်ုပ်တို့ထံ ဆက်သွယ်ခဲ့ပါသည်။ အရေးပါသူများနှင့် ဆွေးနွေးမှုနှင့် ဆက်ဆံမှု လုပ်ငန်းများ အပြီးနောက်တွင် မှန်ကန်သော အစိုးရအေဂျင်စီ အထောက်အပံ့ကို ရရှိခဲ့ပါသည်။ ထို့ပြင် လူငယ်များ၏ စိတ်သဘောထားကို နားလည်ရန်အတွက် အသေးစိတ် စစ်တမ်းကောက်ယူခြင်းကြောင့် ပစ်မှတ်ထားသော ပုဂ္ဂိုလ်များထံသို့ ပိုမိုတိကျစွာ ဦးတည်အသိပေးနိုင်ခဲ့ပြီး ကျွန်ုပ်တို့သည် လိင်ကျန်းမာရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များ ပါဝင်သည့် One-stop Portal တစ်ခုအဖြစ် ဝက်ဘ်ဆိုက်တစ်ခု ဖန်တီးပေးနိုင်ခဲ့ပါသည်။
ဖြစ်ရပ်လေ့လာချက်
ကမ္ဘာ့ထိပ်တန်း ဆေးဝါးကုမ္ပဏီတစ်ခုသည် လက်အောက်ခံ အစီအစဉ်များနှင့် ပတ်သက်၍ စာရင်းသွင်းချိန်တွင် အများပြည်သူမှ နားလည်သဘောပေါက်မှုနှင့် ပတ်သက်၍ အခက်အခဲများနှင့် တွေ့ကြူခဲ့ရသောကြောင့် ကျွန်ုပ်တို့နှင့် တိုင်ပင်ဆွေးနွေးမှုပြုခဲ့ပါသည်။
ကျွန်ုပ်တို့သည် လူထုရေးရာ အစီအစဉ်တစ်ခုကို အစိုးရမှ အရေးပါသူများနှင့် ဆက်နွယ်မှုအသစ်များ ဖန်တီးရန်၊ ရှိရင်းစွဲ ဆက်နွယ်မှုများကို အားဖြည့်ရန်နှင့် အခြားသီးသန့် လူနာအဖွဲ့များနှင့် ချိတ်ဆက်ပြီး လူနာအဖွဲ့များအကြား ထောက်ပံ့မှုများ ရယူရန် ဦးတည်ထားသည် ဆက်ဆံမှု နည်းဗျူဟာတစ်ခုဖြင့် ပေါင်းစပ်ဖန်တီးခဲ့ပါသည်။ ကျွန်ုပ်တို့သည် ထိုကုမ္ပဏီကို ရှိရင်းစွဲ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆွေးနွေးချက်များအား ပုံသွင်းနေသည့် စိုးရိမ်ပူပန်မှုများကို ပိုမိုနားလည်စေခြင်းဖြင့် စင်္ကာပူ၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အကြောင်း ပိုမိုရှင်းလင်းစွာ သိရှိစေခဲ့ပါသည်။