ဖြစ်ရပ်လေ့လာမှု – ဆေးကျောင်းတစ်ကျောင်းကို တိုးချဲ့နိုင်ရန် ကူညီပေးခြင်း
UK တွင် ဂုဏ်သတင်းမြင့်မားသော တက္ကသိုလ်တစ်ခုမှာ ၎င်း၏ ဆေးကျောင်းအတွက် အရှေ့တောင်အာရှ ကျောင်းဋ္ဌာနေတစ်ခု ဖန်တီးချိန်တွင် ကျောင်းသားများ လာရောက်တက်ရောက်ရန် ဆွဲဆောင်နိုင်မှုနှင့် ပတ်သက်၍ အခက်အခဲများ ကြုံတွေ့ခဲ့ပါသည်။ တည်ထောင်သော တက္ကသိုလ်၏ ဂုဏ်သတင်းနှင့် ဒေသတွင်း ကျောင်းဖွင့်လှစ်မှု နှစ်မျိုးစလုံးသည် အဓိက ဆွဲဆောင်ရမည့် ပုဂ္ဂိုလ်များအပေါ် ထိရောက်မှု အပြည့်အဝ မရှိခဲ့ပါ။
ကျွန်ုပ်တို့အား ထိုတက္ကသိုလ်သို့ကျောင်းလျောက်ထားမှု ပိုမိုမြင့်တင်လာစေရန်အတွက် သက်ဆိုင်ရာ ကျောင်းသားများနှင့် ၎င်းတို့၏ မိဘများအပြင် ဆရာများကြားတွင်လည်း ထိုဆေးကျောင်း၏ ပုံရိပ်မြှင့်တင်ရန် တာဝန်ပေးခဲ့ပါသည်။ ကျွန်ုပ်တို့သည် ထိပ်တန်းအဆင့် ပညာရေးစနစ်နှင့် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားခြင်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းသက်သာပုံတို့ကို အသားပေး၍ နှိုးဆော်စည်းရုံးမှုတစ်ခုကို လုပ်ဆောင်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် အဆိုပါ ကျောင်းအတွက်ကြောင့် ဒေသတွင်း ရပ်ရွာများ၏ ကျန်းမာရေး ဝန်ဆောင်မှုများသို့ အကျိုးရှိမည် ဖြစ်ကြောင်းကိုလည်း သရုပ်ပြပေးခဲ့ပါသည်။
အဆိုပါလှုံ့ဆော်မှု လုပ်ဆောင်နေစဉ် ကာလအတွင်း ကျောင်းလာရောက်အပ်နှံမှုမှာ တစ်နှစ်ခြင်း ယှဉ်ပါက ၆၀% တိုးတက်လာခဲ့ပြီး ထိုတိုးတက်မှုကြောင့် ၎င်းဆေးကျောင်းမှ Biochemical Sciences (ဇီဝဓါတုဆိုင်ရာ သိပ္ပံဘာသာရပ်) ဘွဲ့ဒီဂရီများ ရရှိရန် သင်ကြားပေးသည်အထိ တိုးချဲ့နိုင်ခဲ့ပါသည်။