ဖြစ်ရပ်လေ့လာမှု – အပန်းဖြေကစားကွင်း ဖွင့်ပွဲအတွက် စိတ်ပါဝင်စားမှုများကို မြှင့်တင်ပေးခြင်း
မလေးရှားနိုင်ငံအတွင်းရှိ အပန်းဖြေ ကစားကွင်းကြီး/ ခရီးသွားများ လည်ပတ်ရန်နေရာတစ်ခု မဖွင့်လှစ်မီ တစ်နှစ်အလို၌ စင်္ကာပူလူမျိုး ၈၀% မှာ ၎င်းတို့အနီးအနားတွင် ထိုကစားကွင်း ဖွင့်မည်ဖြစ်ကြောင်း မသိခဲ့ကြပါ။ မလေးရှားနှင့် စင်္ကာပူ နှစ်နိုင်ငံလုံးမှ ကြည့်ရှုသူများနင့် လာရောက်လည်ပတ်သူ အများအပြားနှင့် ချိတ်ဆက်ပေးမည့် လှုံ့ဆော်စည်းရုံးမှုတစ်ခုကို ဖန်တီးခြင်းဖြင့် သိနားလည်မှု မြှင့်တင်ပြီး သဘောထားအမြင်များ ပြောင်းလဲရန် လုပ်ဆောင်ခဲ့ဖြစ်ပါသည်။
မီဒီယာ နည်းဗျူဟာအား ရေးဆွဲလုပ်ဆောင်ရာတွင် ၎င်းအပန်းဖြေ ကစားကွင်းကို မဖြစ်မနေ လည်ပတ်ရမည့်နေရာဖြစ်ပြီး ထိုနေရာသို့ရောက်လျှင် ကလေးတိုင်းသည် သူရဲကောင်း (Hero) ဖြစ်လာမည့် နေရာတစ်ခုအဖြစ် ပုံဖော်ပေးထားသည့် ချဉ်းကပ်နည်း ၂ ခုပါဝင်ပါသည်။ သေချာစွာ ပုံစံဆွဲထားသည့် လုပ်ငန်းခွင်အတွင်းနှင့် အပြင်ဆိုင်ရာ မီဒီယာ ဆက်ဆံမှုအား မီဒီယာများ စိတ်ဝင်စားမှုနှင့် အများပြည်သူများ အဆိုပါကစားကွင်းအပေါ် စိတ်လှုပ်ရှားမှုတို့ကို ဖန်တီးပေးနိုင်ရန် ပုံစံထုတ်ထားသော မှတ်တိုင်ဖြစ်ရပ် အစီအစဉ်တစ်ခုနှင့် ပေါင်းစပ်ပြီး မလေးရှား ဝန်ကြီးချုပ်နှင့် Sultan of Johor တို့ တက်ရောက်ခဲ့သည် အဖွင့်ပွဲကြီးဖြင့် အဆုံးသတ်ပေးခဲ့ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ လှုံ့ဆော်စည်းရုံးမှုကြောင့် မီဒီယာမှ သတင်းဆောင်းပါး ၁၅၀၀ ကျော် ထွက်ပေါ်လာပြီး စင်္ကာပူနှင့် မလေးရှားမှ အဓိက ရုပ်မြင်သံကြား၊ ရေဒီယို၊ ပုံနှိပ်နှင့် အွန်လိုင်း မီဒီယာ အားလုံးမှ အပြုသဘောဆောင်သော သတင်းဆောင်းပါးများ ရေးသားပေးခဲ့ကြပါသည်။ မျက်နှာဖုံးသတင်းများ၊ စာမျက်နှာ အများအပြားပါသည့် ဆောင်းပါးများနှင့် သိသိသာသာ ရုပ်သံလွှင့် တင်ပြချက်များ ပါရှိခဲ့ပါသည်။
ဖွင့်ပွဲပြီးနောက် လေးလအတွင်း ထိုကစားကွင်းအတွက် တစ်နှစ်လုံးစာ ရည်မှန်းထားသော လည်ပတ်သူအရေအတွက်သို့ ရောက်ရှိနိုင်ခဲ့ပါသည်။