logologologologo
  • HOME
  • WHO WE ARE
  • OUR NETWORK
  • WHAT WE OFFER
    • OUR SERVICES
    • OUR EXPERTISE
  • NEWS & INSIGHTS
  • CAREERS
  • CONTACT US
  • HOME
  • WHO WE ARE
  • OUR NETWORK
  • WHAT WE OFFER
    • OUR SERVICES
    • OUR EXPERTISE
  • NEWS & INSIGHTS
  • CAREERS
  • CONTACT US

မလေးရှားတွင် ပြိုင်ဘက်ပါတီသည် ရွေးကောက်ပွဲတွင် အံ့သြဖွယ် အနိုင်ရခဲ့သည်

မလေးရှားနိုင်ငံ၏ သမိုင်းကြောင်းတွင် အကြိတ်အနယ် ပြိုင်ဆိုင်မှုအမြင့်ဆုံးသော ရွေးကောက်ပွဲများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရွေးကောက်ပွဲမှာ ဗုဒ္ဓဟူးနေ့တွင် (မေလ ၉ ရက်၊ ၂၀၁၈) ပြီးဆုံးခဲ့ပြီး Najib Razak ၏ Barisan Nasional (BN) ညွန့်ပေါင်းအဖွဲ့သည် နိုင်ငံလွတ်လပ်ရေးရပြီးနောက် ပထမဆုံးသော အရှုံးနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ၎င်းတို့တွင် ဝန်ကြီးနေရာ လေးနေရာရှုံးနိမ့်ခြင်း ပါဝင်ခဲ့ပြီး နိုင်ငံ၏ နိုင်ငံရေးအခြေအနေ တစ်ခုလုံးကို နက်ရှိုင်းစွာ တုန်ခါစေမည့် အဓိက အပြောင်းအလဲကြီးတစ်ခု ဖြစ်လာနိုင်ပါသည်။

Najib အား အနိုင်ရရှိသူမှာ ၎င်း၏ဆရာဟောင်းဖြစ်သည့် Dr. Mahatir Mohamad ဖြစ်ပြီး ၎င်း၏ ညွန့်ပေါင်းအဖွဲ့သစ် Pakatan Harapan (PH) ခေါ် Alliance of Hope သည် ဤသမိုင်းဝင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါသည်။ Dr. Mahatir သည် မဖြစ်နိုင်ဘူးဟု ထင်ရသော နိုင်ပွဲကိုရရှိခဲ့ပြီး ၎င်းနှင့် နှစ် ၆၀ ကျော် ပူးပေါင်းခဲ့သော မိတ်ဖက်တို့ကို ကျော်လွှား၍ အသက် ၉၂ နှစ်တွင် ကမ္ဘာ့အသက်အကြီးဆုံး ရွေးကောက်ခံခေါင်းဆောင် ဖြစ်လာပါသည်။ နိုင်ငံရေးအရ မထင်မှတ်သော ဖြစ်ရပ်များနှင့် ထင်မှန်းချက်အတိုင်း ဖြစ်မလာသည့် အနေအထားများသည် အရှေ့တောင်အာရှသို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။

Dr. Mahatir ဆိုသည်မှာ မည်သူဖြစ်သနည်း။

နယ်ပယ်တစ်ဝိုက်မှ အစိုးရများသည် Dr. Mahatir နှင့် ၎င်းတို့အကြား ဆက်ဆံရေးကို ပြန်လည်စဉ်းစား ချိန်ညှိရန် လိုအပ်လာပါသည်။ ပြိုင်ဘက်ပါတီ (PH) ၏ အံ့သြဖွယ်ရာ အောင်ပွဲကို ၎င်း၏စွမ်းဆောင်မှု၏ ယုံမှားသံသယမရှိဘဲ ဆိုနိုင်ပါသည်။ ပြိုင်ဘက်ပါတီ ခေါင်းဆောင်အဖြစ် ၎င်းမှနေရာယူလိုက်ခြင်းသည် အခြေအနေကို လုံးဝပြောင်းလဲသွားစေပါသည်။

သူသည် အင်အားလွှဲပြောင်းရန်ဖြစ်နိုင်သည်ဟုကို လူအများကို ခံစားစေခဲ့ပါသည်။

သူ၏ ယခင်တာဝန်ထမ်းဆောင်မှုများတွင် မလေးရှားကို ၁၉၉၀ ပြည့်လွန်နှစ်များမှ အာရှကျားများတွင် အပါအဝင်ဖြစ်စေရန် အသွင်ပြောင်းနိုင်ခဲ့ခြင်းလည်း ပါဝင်ပါသည်။ Petronas Twin Towers ကဲ့သို့သော အစဉ်အလာ ကြီးမားသော စီမံကိန်းများသည်လည်း သူ၏ရည်မှန်းချက် အတိုင်းအတာကို သရုပ်ပြခဲ့ပါသည်။ သူ၏ အာဏာရှင်ဆန်သော်လည်း လက်တွေ့ကျသော မူဝါဒများကြောင့် ပြည်တွင်း၌ အထောက်အပံ့များစွာ ရရှိခဲ့ပါသည်။ Dr. Mahatir မှာ ကြီးမြင့်သော အသက်အရွယ် ၉၂ သို့ ရောက်ရှိနေပြီဖြစ်၍ ဤညွန့်ပေါင်းအဖွဲ့ တည်မြဲမှု၏ အနာဂတ်အတွက် မေးခွန်းထုတ်ဖွယ်ရာများ ရှိနေပါသည်။ သို့သော်လည်း သူ၏ပြိုင်ဘက်ဟောင်း Anwar Ibrahim နှင့် သဘောတူညီချက်အရ Dr. Mahatir သည် Anwar Ibrahim ထံသို့ နှစ်နှစ်ကြာလျှင် ခေါင်းဆောင်မှု လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အစိုးရသစ်သည် ကလဲ့စားချေမည့်အစား စည်းမျဉ်းဥပဒေများကို ပြန်လည်ပြင်ဆင်နိုင်ရန် အာရုံစိုက်လုပ်ကိုင်သွားမည်ဟု ဖော်ပြခဲ့ပါသည်။

ရှေ့လျှောက်နေ့ရက်များ

ယခုအချိန်မှာ အချိန်အစောပိုင်းတွင်သာ ရှိနေပြီး လူမုန်းများသော Value Added Tax (VAT) မူဝါဒ အပါအဝင် Najib ၏ မူဝါဒ အများအပြားကို ပြန်လည်ရုပ်သိမ်းရန် ကတိကဝတ်ပြုထားသည့် PH ၏ မူဝါဒအရ အပြောင်းအလဲများကို မျှော်မှန်းနိုင်ပါသည်။ သို့သော်လည်း အစိုးရသစ်အနေဖြင့် စီးပွားရေးလုပ်ငန်းများ အနှောင့်အယှက်မရှိ ဆက်လက်လည်ပတ်နိုင်ရန်နှင့် စီးပွားရေးဆိုင်ရာ လက်ရှိအင်အားကို အခြေပြု၍ ဆက်လက်တိုးတက်နိုင်ရန် အထူးလုပ်ဆောင်ရမည် ဖြစ်ပါသည်။

အားလပ်ရက် – ယခုလာမည့် ကြာသာပတေးနှင့် သောကြာနေ့တို့မှာ ပြန်တမ်းဝင် အားလပ်ရက်များ ဖြစ်ကြသည့်အတွက် စနေ၊ တနင်္ဂနွေအထိ ဆက်သွားမည်ဖြစ်ပြီး တနင်္လာနေ့အထိ ကုန်သွယ်မှု လုံးဝရှိမည်မဟုတ်ပါ – အပြောင်းအလဲ ကာလအား တည်ငြိမ်စေရန်အတွက် နည်းဗျူဟာဆန်ဆန် လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ဈေးကွက်မှ ချက်ချင်းတုန့်ပြန်မှုအား ရှောင်ရှားနိုင်မည့် အချိန်ကောင်းတစ်ခုလည်း ဖြစ်ပါသည်။ ကာလတိုအတွက်ကြည့်လျှင် အပြောင်းအလဲ အချိန်အပိုင်းအခြားအတွင်း နိုင်ငံရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ မတည်ငြိမ်မှုများကြောင့် လူအများမှာ ငွေသုံးလိုစိတ် နည်းပါးမည် ဖြစ်သည့်အတွက် ဈေးကွက်အနေအထား နှေးကွေးမည်ဖြစ်သည်။

မီဒီယာ၏ အခန်းကဏ္ဍ

မလေးရှားနိုင်ငံ၏ မီဒီယာအများစုသည် ရွေးကောက်ပွဲကာလအတွင်း စိတ်မကျေနပ်မှုတို့ကို အထူးပြသခဲ့ခြင်း မရှိသောကြောင့် လူအများအပြားမှ လက်ရှိအာဏာရ ခေါင်းဆောင်သာ ထပ်မံအနိုင်ရမည်ဟု ယုံကြည်ခဲ့ကြပါသည်။ မျှော်မှန်းထားသကဲ့သို့ပင် အချိန်မှီ သတင်းပေးခြင်းနှင့် ဘက်မလိုက်သော အမြင်တို့ကို စောင့်မျှော်နိုင်ခြင်း မရှိသည့်အတွက် အခြားသတင်းလိုင်းများနှင့် အွန်လိုင်း သတင်းချန်နယ်များ၊ လူမှုမီဒီယာနှင့် ဘလော့ဂ်များသည် သတင်းအချက်အလက် ရင်းမြစ်များဖြင့် ဦးဆောင်လာခဲ့ပါသည်။ မဲပေးသူများကို ဆွဲဆောင်နိုင်ရန်အတွက် လူမှုမီဒီယာတို့ကို အပြင်းအထန် အသုံးပြုလာပြီး လူမှုမီဒီယာ ထိုးဖောက်မှုစစ်ကြောင်းသည် ရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးမဲဆွယ်ချိန်အထိ ဆက်လက်အားကောင်းခဲ့ပါသည်။

ဤရွေးကောက်ပွဲကာလအတွင်း ယခင်နည်းဗျူဟာဟောင်းများနှင့် နည်းဗျူဟာသစ်များကို ဖော်ပြတွေ့မြင်ခဲ့ရပါသည်။ လူမှုမီဒီယာ၏ နေရာမရွေး ရောက်ရှိနိုင်စွမ်းနှင့် မတူညီသော အရောင်အသွေး (တင်ပြပုံမတူညီခြင်း) တို့ကြောင့် ပထမအကြိမ် မဲပေးသူများနှင့် ငယ်ရွယ်သော မဲပေးသူများထံသို့ ရောက်ရှိနိုင်သော ထိရောက်သည့် နည်းစနစ်တစ်ခု ဖြစ်လာခဲ့ပါသည်။

အဓိက စိစစ်တွေ့ရှိချက်

ပြိုင်ဘက်ပါတီမှ BN ဦးဆောင်ခဲ့သော နှစ် ၆၀ စာ ဥပဒေများကို ပြန်လည်ပြောင်းလဲသည့်အတွက် မလေးရှားသည် ဦးတည်ချက်သစ်ကို ရွေးချယ်လိုက်ပြီဟု ဆိုနိုင်ပါသည်။ သို့သော်လည်း အစိုးရသစ်ကို ၁၉၇၆ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဆက်တိုက် အကြီးတန်း အစိုးရရုံး အကြီးအကဲအဖြစ် (၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း ဝန်ကြီးချုပ်အဖြစ်) တာဝန်ထမ်းဆောင်ခဲ့သူမှ ဖန်တီးထားခြင်း ဖြစ်သည့်အတွက် မူဝါဒပိုင်းအရ ခေတ်သစ်ပြောင်းလဲသည်ဟု ဖော်ပြနိုင်မည် မဟုတ်ပါ။ မူဝါဒ မရေရာမှုများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများမှာ အစိုးရမှ ၎င်း၏ရပ်တည်မှုကို အတည်ပြုသည်နှင့်အမျှ ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။

စီးပွားရေး ခိုင်မာမှု – အခြေခံအားဖြင့် ဆိုရလျှင် စီးပွားရေး အခြေအနေ ခိုင်မာနေပါသည်။ PH ၏ ဝါဒလမ်းစဉ်အရ အဓိက ကတိကဝတ်များမှာ လောင်စာဆီပိုင်းတွင် ဦးတည်၍ ငွေခုခံပေးချေမှုများနှင့် VAT အား ဖယ်ရှားမှုတို့ဖြစ်ပြီး ၎င်းတို့ကို အမှန်တကယ် လုပ်ဆောင်ခဲ့ပါက ကြွေးမှီတိုးပွားလာမည်ဖြစ်ပြီး လက်ရှိဈေးကွက်၏ ၄၀ မှ ၅၀ ရာခိုင်နှုန်းကို နိုင်ငံရပ်ခြားမှ ထောက်ပံ့ပေးထားခြင်း ဖြစ်သည့်အတွက် ထိုအချက်မှာ အထူးစိတ်ပူပန်ဖွယ်ရာတစ်ခု ဖြစ်နေပါသည်။ သို့သော်လည်း ရေရှည်ရှုထောင့်မှ ကြည့်ပါက စီးပွားရေး အခြေအနေမှာ ရေရှည်တည်တံ့နိုင်သည်အထိ ခိုင်မာမှုရှိပြီး ထိုပူပန်ဖွယ်ရာများမှာ ယာယီပြဿနာများသာ ဖြစ်နိုင်ပါသည်။

ဝန်ကြီးအဖွဲ့၏ လုပ်ငန်းရာဇဝင်များကို ခွဲဝေချထားမှု မရှိသေးခြင်း – နောက်ခံဝန်ကြီးအဖွဲ့ သတ်မှတ်ထားခြင်း မရှိသည့်အတွက် ဝန်ကြီးအဖွဲ့ဆိုင်ရာ လုပ်ငန်းရာဇဝင်များကို ခွဲဝေချထားမှု မရှိသေးပါ။ PH ဦးဆောင်သော ပြည်နယ်များမှ အရေးပါသော နိုင်ငံရေးခေါင်းဆောင်များသည် Putrajaya သို့ လာရောက်ကြပြီး ၎င်းတို့၏ အခန်းကဏ္ဍသစ်များသို့ ခွဲဝေချထားခံရနိုင်ခြေ များနေပါသည်။ ဝန်ကြီးဋ္ဌာနများ လက်အောက်မှ အဖွဲ့အစည်းများသည် ယခင်တွေ့ကြုံခဲ့ဖူးခြင်း မရှိသော အခွင့်အာဏာ အပြောင်းအလဲနှင့် တွေ့ကြုံရမည်ဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများမှာ PH ၏ စိတ်ပါဝင်စားမှုအရ ထိန်းသိမ်းခံရခြင်းဖြစ်စေ၊ ပြန်လည်ပြင်ဆင်ခြင်းဖြစ်စေ ဖြစ်လာနိုင်သည်မှာ စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။

စီမံချက်ကြီးများ – ဝန်ကြီးချုပ်ဟောင်း Najib မှ စတင်ခဲ့သည့် Tun Razak Exchange ကဲ့သို့သော စီမံချက်ကြီးများနှင့် အစီအစဉ်များတွင် PH မှ ကြားဝင်လုပ်ဆောင်မှု အများအပြား မြင်လာရနိုင်ပါသည်။ 1Malaysia Development Berhad (1MBD)၊ Federal Land Development Authority (Felda)၊ Transformasi Nasional 2050 (TN50)၊ 37-kilometer LRT3 နှင့် Najib ၏ 1Malaysia လုပ်ဆောင်ချက် လက်အောက်မှ ဖွံ့ဖြိုးရေး အစီအစဉ်များတို့ ကဲ့သို့သော အဖွဲ့အစည်းများအနေဖြင့်လည်း အလားတူ ကြားဝင်လုပ်ဆောင်မှုများကို တွေ့ကြုံလာရမည် ဖြစ်သည်။

ဘုတ်အဖွဲ့ဝင်များ – ဒေသခံအဖွဲ့အစည်း အများအပြားနှင့် ကော်ပိုရေးရှင်းများသည် ၎င်းတို့၏ ဒါရိုက်တာဘုတ်အဖွဲ့များအတွင်း BN ပါတီဝင် နိုင်ငံရေးသမားများ ပါဝင်နေပါသည်။ အဆိုပါ အဖွဲ့အစည်းများနှင့် ကော်ပိုရေးရှင်းများသည် ဘုတ်အဖွဲ့ဝင် အသစ်များ ခန့်အပ်ပေးရန် ဆုံးဖြတ်ရမည်ဖြစ်ပြီး ထိုသို့ခန့်အပ်ခြင်းကြောင့် မည်သည့် သက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်းကိုလည်း ဆုံးဖြတ်ပေးရမည်ဖြစ်သည်။

နိုင်ငံရေးအရ ခွဲခြမ်းစိတ်ဖြာချက်

Dr. Mahatir ပြန်လည်အနိုင်ရရှိခဲ့ခြင်း အကြောင်းရင်းမှာ ကြုံတွေ့နေကြ ပြဿနာများကြောင့်ဖြစ်ပြီး ထိုအချိန်က အာဏာရဝန်ကြီး၏ အဂတိလိုက်စားမှု အရှုပ်အရှင်းများကြောင့်လည်း ဖြစ်ပါသည်။ ကျေးလက်ဒေသနေ သာမန်မလေးရှားပြည်သူများသည် လပေါင်းများစွာ နေထိုင်မှုစရိတ် ကြီးမြင့်မှုနှင့် ငွေကြေးဖောင်းပွမှုတို့၏ဒဏ်ကို ခံစားခဲ့ရပါသည်။ ဝန်ကြီးချုပ်ဟောင်း Najib ၏ VAT ပုံစံ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုခွန်ကို လူမုန်းအလွန်များခဲ့ပြီး ၎င်းအတွက်ကြောင့် နေ့စဉ်ဘဝ နေထိုင်မှုစရိတ် ပိုမိုကြီးမြင့်စေခဲ့ပါသည်။ ညွန့်ပေါင်းအဖွဲ့ နှစ်ဖွဲ့စလုံး၏ အခြေခံ မူဝါဒလမ်းစဉ်မှာ နေထိုင်စရိတ် လျော့ချခြင်းပင် ဖြစ်ပါသည်။

အစိုးရရန်ပုံငွေ ဒေါ်လာ ၂.၆ ဘီလီယံ အလွဲသုံးစား လုပ်ခံခဲ့ရသော 1MDB အရှုပ်အရှင်းတွင် Najib ၏ ကိုယ်ပိုင်ဘဏ်စာရင်းသို့ ဒေါ်လာ ၆၈၁ သန်း လွှဲပြောင်းပို့ဆောင်ခြင်းနှင့်အတတူ Najib ပါဝင်သည်ဟု စွပ်စွဲခံရခြင်းသည် BN ၏ ပြိုင်ဘက်ပါတီမှ မဲများဆွဲဆောင်ရာတွင် အရေးပါသော အချက်တစ်ခု ဖြစ်လာခဲ့ပါသည်။ ထိုအချက်သည် BN နှင့် ပတ်သက်၍ မဲပေးသူတို့အမြင်ကို ပြောင်းလဲစေနိုင်ခဲ့သည်ဟု ယူဆရပါသည်။

လက်တွေ့အခြေအနေအရ ခံစားချက်များ – အဆိုပါ ရလဒ်များသည် မလေးရှားနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို အရင်းမှ ကိုင်လှုပ်သွားခဲ့ပါသည်။ သို့သော်လည်း လက်တွေ့အခြေအနေတွင် အပြုသဘော ရှုမြင်နေကြသည်ကို တွေ့ရပါသည်။ ထောက်ခံသူ အများစုသည် လူမှုမီဒီယာပေါ်နှင့် မလေးရှားနိုင်ငံမှ အကြီးဆုံးမြို့ကြီးဖြစ်သော ကွာလာလမ်ပူမှ လမ်းများပေါ်တွင် ပြိုင်ဘက်ပါတီ (အနိုင်ရသည့်ပါတီ) အလံများကို ဝှေ့ရမ်းအောင်ပွဲခံခဲ့ကြပါသည်။ မြို့တွင် လူထုစုဝေးပွဲများမှ စိတ်အခြေအနေကို ‘ဝမ်းသာပီတိဖြစ်သည့်’ အခြေအနေဟု အများမှ သုံးသပ်ခဲ့ကြပါသည်။ မီဒီယာ အင်တာဗျူးများတွင် လူအများအပြားမှ ဤနေ့ကို ဒီတစ်သက် မြင်ရမည်ဟု မထင်မှတ်ခဲ့ကြောင်း ပြောပြခဲ့ကြသည်ကို တွေ့ရပါသည်။

မည်သို့ရှုမြင်စေကာမူ ၎င်းတို့၏ မလေးရှားနိုင်ငံအတွက် သမိုင်းဝင်၊ စိတ်လှုပ်ရှားဖွယ် အချိန်များ ဖြစ်ကြပါသည်။

An award-winning strategic communications consultancy in Asia.

 

Proud media partner of this year’s SuperReturn Private Credit Asia and SuperReturn China

Latest News

  • Singapore Election Results Point Towards Business Continuity and Stability

    May 06, 2025

  • Singapore Budget 2025: Driving Innovation, Sustainability, and Workforce Transformation

    Feb 20, 2025

  • Crisis communications for cybersecurity incidents

    Oct 09, 2024

Awards


PRCA SEA Awards Winner 2022


PR Awards Asia Silver Winner 2021


PRCA SEA Awards Winner 2021

 

Contact Details

Singapore

80 Robinson Road, #11-01, Singapore 068898

Malaysia

Level 2, Unit 023, 129 Offices, Block J, Jaya One, Jalan Profesor Diraja Ungku Aziz, 46200 Petaling Jaya, Malaysia

Indonesia

Cyber 2 Tower, 18th Floor Jl. H. R. Rasuna Said Blok X-5, Kav.13, Jakarta Selatan 12950, Indonesia
klareco-enquiries@h-advisors.global
https://klareco.h-advisors.global

Copyright 2021. All rights reserved.