Klareco ထိုးထွင်းရှုမြင်မှုများ - ဘတ်ဂျက် 2019 စင်ကာပူ၏ ဘတ်ဂျက် - လူကြိုက်များပြီး အဝေးကိုရှုမြင်စဉ်းစားထား
စာရေးသူ - Graham Stew နှင့် Lu Ching Lau
- ဘဏ္ဍာရေးဝန်ကြီး Heng ၏ 2019 ဘတ်ဂျက် သည် SME (အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း) များကို စတုတ္ထ အကြိမ်မြောက် စက်မှုတော်လှန်ရေး၏ သားကောင်မဖြစ်စေဘဲ ထိုတော်လှန်ရေးကို အပြည့်အဝ အသုံးချနိုင်ရန်အတွက် ကူညီပေးနိုင်ရန် အာရုံစိုက်ထားသည်။
- ဆိုင်ဘာလုံခြုံရေး၊ AI၊ စက်ရုပ်ပညာရပ်နှင့် အလိုအလျောက် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဆန်းသစ်တီထွင်သူများအတွက် အလွန်ရှင်းလင်းသော အားသစ်တစ်ခု
- သို့သော်လည်း အယ်လ်ဂိုရစ်သမ်အပေါ် ယုံကြည်ကိုးစားမှုကိုသာ တစ်ခုတည်းသော ရလဒ်အဖြစ် သတ်မှတ်ရန်မလိုအပ်ဘဲ – လူ့အသိဉာဏ်၏ မွေးရာပါ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းအပေါ်တွင်လည်း သရုပ်ပြ အားထုတ်မှုကို မြှင့်တင်ရန်အတွက် ဆွဲဆောင်မှုများလည်း ရှိနေပါသည်
- Heng သည် တစ်ဖက်တွင် စင်ကာပူနိုင်ငံ၏ အားသာသောဧရိယာများကို ရင်းနှီးမြှုပ်နှံမှုများဖြင့် အားဖြည့်ခြင်းနှင့် အခြားတစ်ဖက်တွင် ဘဏ္ဍာရေးဆိုင်ရာ သမာသတိရှိခြင်းတို့ကို ဟန်ချက်ညီ လုပ်ဆောင်ခဲ့ပါသည် – စင်ကာပူ၏ ဘဏ္ဍာရေးအခြေအနေမှာ အကောင်းဘက်တွင် ရှိနေသေးသည်
၎င်းသည် နိုင်ငံရေးအရ ပါးနပ်ချက်ချာစွာ တွက်ချက်ထားသော ဘက်ဂျက်တစ်ခု ဖြစ်ပါသည်။ Heng Swee Keat ကဲ့သို့ အစိုးရဋ္ဌာန စာရင်းများကို စာရင်းကိုက်သည်အထိ (ကိုက်လုနီးပါးအထိ) ချိန်ညှိပေးရန် အားထုတ်လျက်ရှိသော ဘဏ္ဍာရေးဝန်ကြီးတစ်ဦးအနေဖြင့် ပေးရသည်နှင့် ချိန်ညှိလျှင် လက်ခံရသည်က ပိုများသည့်အတွက် (ထွက်ငွေထက် ဝင်ငွေပိုသည့်အတွက်) စိတ်ချမ်းသာရပုံကို ကောင်းကောင်းနားလည်မည် ဖြစ်ပါသည်။ သို့သော်လည်း ချက်ချင်းတုန့်ပြန်သည့်အနေဖြင့် Merdeka မျိုးဆက်အတွက် ခွဲဝေချမှတ်ပေးသည့် ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေ SGD ၆.၁ ဘီလီယံ နှင့် နှစ်နှစ်ရာပြည့် အပိုဆုကြေးငွေ SGD ၁.၁ လီလီယံ တို့ကြောင့် ဤဘဏ္ဍာနှစ်ရသုံးငွေစာရင်းတွင် ဤနိုင်ငံကို တည်ဆောက်ရာတွင် ပါဝင်ခဲ့သော်လည်း အကာအကွယ် လိုအပ်ဆဲ ပုဂ္ဂိုလ်များအား အသိအမှတ်ပြုသည့် ရောင်ပြန်ရလဒ်တို့ကို တွေ့မြင်နိုင်ပါသည်။
အချိန်ကြာလာသည်နှင့်အမျှ ကုန်သွယ်သူများနှင့် ၎င်းတို့၏ လုပ်ငန်းအပ်နှံသူများသည် GST တိုးမြင့်မှု၏ အကျိုးသက်ရောက်မှုတို့ကို တွေ့ကြုံခံစားနိုင်မည် ဖြစ်သော်လည်း ဤဘဏ္ဍာနှစ် ရသုံးငွေစာရင်း၏ အစိတ်အပိုင်း အများစုတွင် ကမ္ဘာ့တစ်လွှားရှိ ဘဏ္ဍာရေးဝန်ကြီးများမှ လက်တစ်ဆုပ်စာ ပုဂ္ဂိုလ်များသာ ထိန်းသိမ်းထားနိုင်သည့် ဟန်ချက်ထိန်းညှိမှုတို့ကို လုပ်ဆောင်ပေးနိုင်ခဲ့ပြီး ကြွယ်ဝမှု ဖန်တီးသူများအား ဟန့်တားခြင်းမရှိဘဲ ထိခိုက်ခံရလွယ်သူများကို ကူညီပေးနိုင်သည့် အနေအထားကို တွေ့ရပါသည်။ Mr Heng သည် စီးပွားရေး လုပ်ငန်းများမှ အစိုးရအတွက် လုပ်နိုင်သည်ထက် အစိုးရမှ စီးပွားရေးလုပ်ငန်းများအတွက် လုပ်ပေးနိုင်သည့် ကိစ္စရပ်များကို မကြာခဏဆိုသလို ဆွေးနွေးတင်ပြခဲ့ပါသည်။
ဘဏ္ဍာရေးဝန်ကြီး (Mr Heng) ၏ အာရုံစိုက်မှုကို ရရှိနိုင်မည့် အခွင့်အလမ်း အများဆုံးရှိနေသော ကဏ္ဍများတွင် အောက်ပါတို့ ပါဝင်ပါသည် –
ကာကွယ်ရေးဆိုင်ရာ ကန်ထရိုက်တာများနှင့် အထူးပြု နည်းပညာကုမ္ပဏီများ –၎င်းတို့၏ ဆော့ဖ်ဝဲလ် ဖန်တီးရေးဆွဲမှုသည် လုံခြုံရေးနှင့် စမတ်ကျသော နည်းပညာအပေါ် စင်္ကာပူ အစိုးရ၏ ပူးတွဲအာရုံစိုက်မှု၏ မောင်းနှင်အားဖြစ်သလို အစွယ်အပွားတစ်ခုလည်း ဖြစ်ပါသည်။
ဆိုင်ဘာလုံခြုံရေးနှင့် အယ်လ်ဂိုရစ်သမ်နည်းပညာတို့သည် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အာရုံစူးစိုက်မှုတို့၏ အကျိုးအမြတ်ကို ရရှိလာနိုင်ပြီး ဆိုင်ဘာလုံခြုံရေးနှင့် AI တို့အပေါ် SME များမှ ရင်းနှီးမြှုပ်နှံမှုကို ၇၀ ရာခိုင်နှုန်းအထိ ပြန်လည်ပေးချေသွားမည့် အစိုးရ၏ Go Digital အစီအစဉ်အား တိုးချဲ့မှု၏ အကျိုးအမြတ်ကိုလည်း ပိုမိုကျယ်ပြန့်စွာ ရရှိနိုင်မည်ဟု ခန့်မှန်းထားပါသည်။ လက်လီရောင်းဝယ်ရေးနှင့် ထောက်/ပို့လုပ်ငန်းမှသည် ဆောက်လုပ်ရေးနှင့် စာရင်းအင်းဆိုင်ရာအထိ ဖြန့်ကျက်ထားသော Industry Digital Plans တိုးချဲ့မှုနှင့်အတူ ၎င်းသည် (Go Digital) နည်းပညာ ကုမ္ပဏီများကို စင်္ကာပူ၏ SME အဖွဲ့ ၂၀၀၀၀၀ ကျော်ထံသို့ ပိုမိုလျှင်မြန်စွာ၊ ပိုမိုတိုးပွား လာရောက်ကြစေရန် အလားအလာသစ်ကြီးများကို ဖန်တီးပေးလျက် ရှိပါသည်။
အပြန်အလှန်အနေဖြင့် တိုးတက်မှုမြင့်မားသည့် ကုမ္ပဏီများသည် Enterprise Singapore (ESG) နှင့် မိတ်ဖက်လုပ်ဆောင်ခြင်းဖြင့် အတွေ့အကြုံများ ရှာဖွေခြင်း၊ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပင်လယ်ရပ်ခြားသို့ တိုးချဲ့နိုင်ရန် အခွင့်အလမ်းများကို ရှာဖွေခြင်းတို့ကို လုပ်ဆောင်၍ အထက်သို့ ဆက်လက်တိုးတက်နိုင်မည် ဖြစ်ပါသည်။ SME များအား ထောက်ပံ့မည့် Co-Investment Fund III အရ ခွဲဝေချပေးမည့် ထပ်တိုး SGD 100 million နှင့် အလိုအလျောက် လုပ်ငန်းဆောင်ရွက်မှု နယ်ပယ်အတွက် ထပ်တိုးချေးငွေတို့နှင့်အတူ ဤရသုံးငွေစာရင်းသည် SME များနှင့် ၎င်းတို့မှ ခန့်အပ်ထားသော စင်္ကာပူ လုပ်သားအင်အားစု သုံးပုံနှစ်ပုံတို့အတွက် သီးသန့်ငွေစာရင်းတစ်ခုနှင့် နီးစပ်သွားပြီဖြစ်ပါသည်။

ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုနှင့် စတုတ္ထ စက်မှုတော်လှန်ရေး (4IR) တို့အပေါ် ဤရသုံးငွေစာရင်း၏ ထောက်ပံ့မှု အတိုင်းအတာကို စက်ရုပ်ပညာရပ်နှင့် ဇီဝနည်းပညာ တို့မှသည် Internet of Things တို့အထိ ဆန်းသစ်တီထွင်မှု ကုမ္ပဏီအမျိုးမျိုးကို ကြည့်ရုံဖြင့်ပင် ခံစားနိုင်သော်လည်း 4IR အခြေပြု အတိုင်ပင်ခံ လုပ်ငန်းများသည် အခွင့်အလမ်းနှင့် အဆက်အသွယ် ရရှိနိုင်မှု အမြင့်မားဆုံး နယ်ပယ်များကို လုပ်ငန်းအပ်နှံသူများအတွက် ပိုမိုတည်ငြိမ်စွာ ရှာဖွေသတ်မှတ်ပေးနိုင်သည့် နယ်ပယ်တစ်ခု ဖြစ်နေပါသည်။
အဆုံးသတ်ဆိုရလျှင် စီးပွားရေးကဏ္ဍ၏ အသက်သွေးကြောမှာ ၎င်း၏ တိုင်းသူပြည်သားများမှ လိုက်လျောညီထွေ ပြောင်းလဲနိုင်မှုအပေါ် မူတည်နေပါသည်။ ဤဘက်ဂျက်ကြောင့် နိုင်ငံရပ်ခြား ကျွမ်းကျင်သူများအပေါ် မှီခိုရခြင်းကို အနည်းငယ်သာ လျော့ချနိုင်မှုကို စင်္ကာပူနိုင်ငံသားများ၏ အရည်အချင်း မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံမှုဖြင့် ပြန်လည်ချေပခြင်းသည် လုံခြုံသော ရွေးချယ်မှုတစ်ခု ဖြစ်မည်ဖြစ်သည်။ အထူးဂရုပြုရန် ကိစ္စရပ်တစ်ခုမှာ Blockchain နှင့် Embedded-software တို့ ပါဝင်မည့် အလုပ်အကိုင် ပြောင်းလဲရေး အစီအစဉ်သစ် (Professional Conversion Programmes) ဖြင့် အရည်အချင်း ပြောင်းလဲမှု တိုးမြှင့်ခြင်းဖြစ်ပါသည်။ ၎င်း၏ ရလဒ်တစ်ခုအနေဖြင့် ၎င်းကြားဝင်လုပ်ဆောင်မှုများမှ အတွေ့အကြုံ အမျိုးမျိုးနှင့် နားလည်တက်ကျွမ်းမှု အမျိုးစုံကို ရရှိလာနိုင်ပါသည်။

ဤဘက်ဂျက်မှ အထူးအသိအမှတ်ပြုထားသော အဆက်အသွယ်တစ်ခုမှာ နည်းပညာဆန်းသစ်တီထွင်မှုနှင့် သိပ္ပံပညာရပ်ဆိုင်ရာ ရင်းနှီးမြှုပ်နံှမှုတို့အပေါ် စင်္ကာပူ၏ ဆွဲဆောင်နိုင်မှုနှင့် ဤကျွန်းငယ်လေးပေါ်တွင် အသိပညာများကို ဖန်တီးပေးနေသည့် တက္ကသိုလ်များနှင့် သုတေသန အဖွဲ့အစည်းများအကြား ဆက်နွယ်မှု ဖြစ်ပါသည်။ ဆန်းသစ်တီထွင်မှု စင်တာများအပေါ် အစိုးရမှ ရင်းနှီးမြှုပ်နှံမှုသည် မတူညီသော နယ်ပယ်များအကြား အတွေးအကြံများ ဖလှယ်ဖြန့်ချီရန်အတွက် သုတေသန အစုအဝေးများ ဖန်တီးသည့် အရှိန်မြင့်သက်ရောက်မှုကို အသိအမှတ်ပြုခြင်းပင် ဖြစ်ပါသည်။ ဤဘက်ဂျက်သည် Aquaculture (ရေနေသတ္တဝါများ ရေရှည်တည်တံနိုင်မှုကို မြှင့်တင်ခြင်း) နှင့် စင်္ကာပူ၏ သုတေသန အဖွဲ့အစည်းများတွင် စွမ်းအင်ထိရောက်မှု တို့ကို ဆက်လက်လေ့လာရန် အားပေးထားပါသည်။ သို့သော်လည်း ၎င်းသည် ဇီဝနည်းပညာ (Biotech)၊ ဆေးဝါးဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ သုတေသန အခန်းကဏ္ဍများအပါအဝင် နယ်ပယ်အမျိုးမျိုး၌ တိုးတက်မှုများကို မွေးမြူမြှင့်တင်နိုင်သည့် အဆင့်အတန်းရှိ နိုင်ငံတစ်ခုအနေဖြင့် အကျိုးအမြတ် အများအပြားကို ‘Smart Nation’ တစ်ခုအနေဖြင့် ရရှိစေမည်ဖြစ်သော ဦးတည်ချက်ကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ရေရှည်တွင် ၎င်းသည် Merdeka မျိုးဆက်အတွက် ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ခြင်းထက် (၎င်းတိုးမြှင့်မှုမှာ အရေးကြီးသော်လည်း) ပိုမိုကောင်းမွန်သော အကျိုးအမြတ်များကို ဆီးချိုရောဂါမှသည် ကင်ဆာအထိ ရောဂါတိုက်ဖျက်မှုများဖြင့် ရရှိစေနိုင်မည်ဖြစ်ပါသည်။
ဘက်ဂျက်တစ်ခု၏ အမှန်တကယ်တန်ဖိုးကို ၎င်းအား ချက်ချင်းလက်ငင်း လက်ခံရှုမြင်ပုံများမှ တွေ့ရခဲပြီး မိတ်ဆက်ပေးစဉ်တွင် လူကြိုက်အများဆုံးသော ဘက်ဂျက်တို့ကို နောင်အချိန်တွင် အမြဲတန်ဖိုးထားခံရမည် မဟုတ်ပါ။ သို့သော်လည်း ဤဘက်ဂျက်သည် စင်္ကာပူနိုင်ငံအနေဖြင့် ရှေ့တန်းသို့ ရောက်ရှိနေပြီဖြစ်သော အခန်းကဏ္ဍများသို့ နိုင်ငံ့ဘဏ္ဍာရေးအား အကြီးအကျယ် ထိခိုက်စေခြင်း မရှိဘဲ ရေရှည်ကြည့်၍ ထည့်ဝင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် အခွင့်အလမ်းများ တိုးပွားလာမည့် အနာဂတ်တစ်ခုသို့ ဦးတည်ထားသည့် ဘက်ဂျက်တစ်ခု ဖြစ်ပါသည်။ ကမ္ဘာတစ်လွှားမှ ဘဏ္ဍာရေးဝန်ကြီးအများအပြားမှာ နောင်မျိုးဆက်သစ်များအတွက် အကြွေးများသာ မုချချန်ထားပေးနိုင်သည့် အခြေအနေတွင် Mr Heng ၏ ဦးတည်ချက်ကို အပြစ်ဆိုနိုင်မည် မဟုတ်ပါ။