Klareco Insights – Singapore Budget 2020 Speech
The COVID-19 outbreak took centre-stage at the delivery of the Singapore Budget 2020 Speech on 18 February. Deputy Prime Minister and Finance Minister Heng Swee Keat indicated, prior to his speech, that #SGBudget2020 will include “measures that were not on the table one month ago”. These measures reflected a swift and decisive response by the Singapore Government to address the economic impact brought about by the global spread of the virus.
Set against the backdrop of global trade tensions and the warnings of a potential recession in Singapore, these immediate measures were much needed to stem poor business sentiments and anxiety among workers, even as Budget 2020 was positioned as a strategic financial plan to prepare Singapore and Singaporeans to meet global challenges brought about by technological disruption and seize new opportunities.
As widely anticipated, it was announced that the Goods and Services Tax (GST) would remain at 7 per cent this year. However, the Finance Minister said, this could not be put off indefinitely. With the COVID-19 outbreak and additional investment in the healthcare system, Singapore would need recurrent sources of revenue to fund spending needs in the medium term.
COVID-19 Response
The COVID-19 response measures included a comprehensive S$5.6 billion package for both citizens and businesses. This substantive package dwarfs the S$230 million package during the SARS crisis in 2003.
In addition, the Finance Minister identified five key sectors directly affected by the spread of COVID-19 that would receive additional support: tourism, aviation, retail, food services, and point-to-point transport services.
These immediate measures were tailored to help the most impacted sectors manage operating costs and cash flow in the short term and minimise potential job losses. By taking a longer view and providing incentives for employers in these sectors to train, reskill and redeploy their workers, the Government was also cognisant to align the response measures to the longer-term objectives of Budget 2020.
Strategic Plan for the Future
From a longer-term perspective, the Finance Minister also highlighted four accelerating structural shifts that would affect Singapore, including: a decline in support for globalisation; the shift in global economic weight towards Asia; rapid advancement of technology, and more recently, the risk of a technologically bifurcated world; and Singapore’s transition to an ageing society. These presented both challenges and opportunities.
To address these, Budget 2020 laid out the following key objectives:
– First, to grow our economy, transform our enterprises, to create opportunities for our people.
– Second, to care for and nurture Singaporeans at every stage of their lives, to build a caring and inclusive society, where no one is left behind.
– Third, to build a liveable and sustainable Singapore in the face of climate change, secure our sovereignty as an independent nation, and ensure our fiscal sustainability.
– Fourth, to mobilise Singaporeans to work together in this journey, to build a nation and a home we will always call our own.
Against these shifts and broader objectives, themes of note from Budget 2020 included:
- A strong and sustained push for reskilling and upskilling workers, with a specific focus on middle-aged and senior workers;
- Sustained efforts to drive innovation and digitalisation, by facilitating the growth of start-ups and a vibrant innovation ecosystem, and emerging sectors such as biomedical, Artificial Intelligence, and cyber and data security;
- Continued support for local firms to transform; and
- Forward planning to address social and environmental challenges and threats, through spending on education, supporting seniors, and climate change.
Notable highlights and announcements include:
- Expansion of SkillsFuture benefits for both workers and employers to help employees, particularly middle-aged and older workers, embark on lifelong learning and continuously reskill and upskill;
- The injection of an additional S$300 million in the Startup SG Equity Scheme for the Government to co-invest in deeptech start-ups with private investors;
- The commitment of S$1billion to build up the Government’s cyber and data security capabilities over the next three years, building on strategic, long-term efforts by the Government to strengthen cybersecurity and data protection, most recently the completion of the public sector data security review;
- A commitment to phase out internal combustion engine (ICE) vehicles by 2040; and
- An initial investment of S$5 billion in a new Coastal and Flood Protection fund to protect Singapore from rising sea levels.
In Conclusion
Budget 2020 was, in a nutshell, an extraordinary budget for extraordinary times, going way beyond what would have been an “elections budget” as earlier characterised by pundits. Amidst heightened anxieties, compounded by the global spread of COVID-19, Budget 2020 was a generous and comprehensive one that addressed both immediate concerns as well as longer term needs to support enterprises to transform and workers to reskill and upskill. Many of the initiatives announced addressed the calls from industries – an indication that the Government has taken the feedback from the private sector on board. With S$8.3 billion to be allocated over the next three years for transformation and growth, the Government also sent a strong signal that industry should set its sights on longer term objectives, even as they hunker down for short term challenges.
Klareco ၏ သဘေåာထား - စင်္ကာပူ Budget 2020 မိန့်ခွန်း
ဖေဖော်ဝါရီလ ၁၈ ရက်နေ့၏ စင်္ကာပူ Budget 2020 မိန့်ခွန်းတွင် COVID-19 ကပ်ရောဂါသည် အဓိက အကြောင်းအရာဖြစ်ခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Heng Swee Keat က #SGBudget2020 တွင် “လွန်ခဲ့သောတစ်လအကြာက ဇယားထဲတွင်မပါသည့် စီမံချက်များ” ပါဝင်လိမ့်မည်ဟု မိန့်ခွန်းမပြောကြားမီက အရိပ်ပြပြောဆိုခဲ့သည်။ ဤစီမံချက်များသည် ကမ္ဘာနဲ့အဝှမ်းဗိုင်းရပ်ပြန့်ပွားခြင်းကြောင့် စီးပွားရေးထိခိုက်မှုကိုရင်ဆိုင်ရန် စင်္ကာပူအစိုးရ၏ မြန်ဆန်တိကျပြတ်သားသော တုံ့ပြန်မှုကို ထင်ဟပ်ပြသခဲ့ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးတင်းမာမှုများ ပွင့်အန်ထွက်ခြင်းနှင့် စင်္ကာပူ၌ စီးပွားရေးကျဆင်းနိုင်ခြေ သတိပေးချက်များကို နောက်ခံထားလျက်၊ နည်းပညာဆိုင်ရာ အသစ်တစ်ဖန်ဆန်းသစ်ပြောင်းလဲအစားထိုးခြင်းနှင့် အခွင့်အလမ်းအသစ်များကို ဖမ်းဆုပ်ရယူခြင်းဖြင့် ကမ္ဘာ့စိန်ခေါ်မှုများနှင့်ရင်ဆိုင်နိုင်အောင်အောင် စင်္ကာပူနှင့် စင်္ကာပူနိုင်ငံသားများကို ပြင်ဆင်နိုင်ရန်အတွက် Budget 2020 ကို မဟာဗျူဟာမြောက်ဘဏ္ဍာရေးဆိုင်ရာစီမံကိန်းအဖြစ် သတ်မှတ်ထားခဲ့သည်။ သို့သော် ကျဆင်းနေသော စီးပွားရေးရပ်တည်ချက်များနှင့် လုပ်သားများအကြား စိုးရိမ်ကြောင့်ကြမှုကို ရပ်တန့်နိုင်ရန် ဤချက်ချင်းစီမံချက်များကို အလွန်ပင်လိုအပ်လှပါသည်။
ကြိုတင်မျှော်လင့်ခဲ့သည့်အတိုင်း ကုန်စည်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ အခွန် (GST) သည် ယခုနှစ်၌ ၇ ရာခိုင်းနှုန်းမှာပင် ဆက်လက်တည်ရှိနေမည်ဟု ကြေညာခဲ့သည်။ သို့သော် ဤအချက်ကို အကန့်အသတ်မရှိ မရွေ့ဆိုင်းနိုင်ပါဟု ဘဏ္ဍာရေးဝန်ကြီးက ပြောခဲ့သည်။ COVID-19 ဖြစ်ပွားခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဌာနတွင် ထပ်ဆောင်းရင်းနှီးမြှုပ်နှံခြင်းတို့ကြောင့် စင်္ကာပူသည် အလယ်အလတ်ကာလတစ်ခုတွင် အသုံးလိုသည်တို့ကိုထောက်ပံ့ပေးရန် အခွန်ဘဏ္ဍာ ထပ်ခါထပ်ခါရနိုင်မည့်ရင်းမြစ်များကို လိုအပ်လိမ့်မည်။
COVID-19 တုံ့ပြန်ဆောင်ရွက်မှု
COVID-19 တုံ့ပြန်ဆောင်ရွက်မှု စီမံချက်များတွင် နိုင်ငံသားများအတွက်ရော စီးပွားရေးလုပ်ငန်းများအတွက်ပါ ပြည့်စုံသည့် အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံ ပက်ကေ့ချ တစ်ခု ပါဝင်ခဲ့ပါသည်။ အဆိုပါပမာဏကြီးမားသော ပက်ကေ့ဂျ်သည် ၂၀၀၃ ခုနှစ်တွင်ဖြစ်ပွားခဲ့သော SARS ကပ်ဘေးအတွင်းရှိ အမေရိကန်ဒေါ်လာ ၂၃၀ မီလီယံ ပက်ကေ့ဂျ်ကို သေးနုပ်သွားစေပါသည်။
ထို့အပြင် ထပ်လောင်းပံ့ပိုးကူညီမှုများ ရရှိနိုင်သေးသည့် COVID-19 ကြောင့် တိုက်ရိုက်ထိခိုက်မှုရှိထားသော အဓိကကဏ္ဍငါးရပ်ဖြစ်သည့်- ခရီးသွားလုပ်ငန်း၊ လေကြောင်းပို့ဆောင်ရေး၊ လက်လီရောင်းချမှု၊ အစားအစာဝန်ဆောင်မှုများနှင့် တစ်နေရာမှတစ်နေရာသို့ ပို့ဆောင်ပေးသော ဝန်ဆောင်မှုများကို ဘဏ္ဍာရေးဝန်ကြီးမှ ဖော်ပြခဲ့ပါသည်။
ထိခိုက်မှုအရှိဆုံး ကဏ္ဍများတွင် လုပ်ငန်းဆောင်ရွက်မှုကုန်ကျစရိတ်များနှင့် ငွေအဝင်အထွက်များကို ရေတိုအတွင်း ကူညီစီမံပေးနိုင်စေရန်နှင့် အလုပ်ဆုံးရှုံးနိုင်ချေ အနည်းဆုံးဖြစ်စေရန်အတွက် အဆိုပါတခဏချင်းစီမံချက်များကို ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ အလုပ်သမားများကို လေ့ကျင့်သင်ကြားပေးရန်၊ မွမ်းမံသင်တန်းပေးရန်နှင့် တာဝန်ပြင်ဆင်ခန့်ခွဲရန် အဆိုပါကဏ္ဍများရှိ အလုပ်ရှင်များအတွက် မျက်စိတဆုံးကြည့်ကာ ပံ့ပိုးအားပေးမှုများ ဆောင်ရွက်ပေးခြင်းဖြင့် အစိုးရသည်လည်း တုံ့ပြန်ဆောင်ရွက်မှု စီမံချက်များကို ရေရှည်ရည်မှန်းချက်များနှင့်ချိန်ညှိရန် ထည့်သွင်းစဉ်းစားပါသည်။
အနာဂတ်အတွက် နည်းဗျူဟာမြောက်သော အစီအစဉ်
ရေရှည်ရှုထောင့်မှ ရှုမြင်ခြင်းဖြင့် ဘဏ္ဍာရေးဝန်ကြီးသည် ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာဖြင့် ဖွံဖြိုးတိုးတက်စေရန် ပံ့ပိုးကူညီမှုကျဆင်းခြင်း၊ အာရှကိုဦးတည်သည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရလဒ်များ ပြောင်းလဲမှု၊ နည်းပညာများ တမဟုတ်ချင်းတိုးတက်လာခြင်းနှင့် လတ်တလောဖြစ်ပွားနေသော နည်းပညာပိုင်းအရ ဂိုဏ်းဂဏကွဲသွားသည့်ကမ္ဘာဖြစ်လာနိုင်သည့် အန္တရာယ်နှင့် စင်ကာပူနိုင်ငံသည် လူအိုများသော လူ့အဖွဲ့အစည်းအဖြစ်ပြောင်းသွားနိုင်သည့် အန္တရာယ်တို့အပါအဝင် စင်ကာပူနိုင်ငံအပေါ် သက်ရောက်လာနိုင်သော အရှိန်မြင့်နေသည့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြောင်းလဲမှုလေးရပ်ကိုလည်း မီးမောင်းထိုးပြခဲ့ပါသည်။
၎င်းတို့ကို ရင်ဆိုင်ရန်အတွက် Budget 2020 သည် အောက်ပါ အဓိကရည်မှန်းချက်များကို တင်ပြခဲ့ပါသည်-
– ပထမအနေဖြင့် ကျွန်ုပ်တို့၏စီးပွားရေးကို မြှင့်တင်ကာ လုပ်ငန်းများကို ပြောင်းလဲရန်၊ ကျွန်ုပ်တို့ပြည်သူများအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်။
– ဒုတိယအနေဖြင့် စင်ကာပူနိုင်ငံသားများ၏ဘဝအဆင့်တိုင်း၌ ၎င်းတို့ကို ဂရုစိုက်ပေးရန်နှင့် ပျိုးထောင်ပေးရန်၊ မည်သူ့ကိုမျှချန်ထားခဲ့ခြင်းမရှိသည့် ဂရုစိုက်အလေးထားပြီး အားလုံးပါဝင်သော လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရန်။
– တတိယအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ရာတွင် နေပျော်စရာကောင်းပြီး သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိသော စင်ကာပူနိုင်ငံကို တည်ဆောက်ရန်၊ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအနေဖြင့် ကျွန်ုပ်တို့၏ အချုပ်အချာအာဏာကို ကာကွယ်ရန်နှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ထိန်းထားနိုင်စွမ်းရှိစေရန်။
– စတုတ္ထအနေဖြင့် ဤခရီးစဉ်တွင် စင်ကာပူနိုင်ငံသားများ အတူတကွပါဝင်လုပ်ဆောင်ကြစေရန်အတွက် စုရုံးရန်၊ ကျွန်ုပ်တို့မြေဟု အမြဲခေါ်တွင်မည့် နိုင်ငံနှင့် အမိမြေကို တည်ဆောက်ရန်။
အဆိုပါပြောင်းလဲမှုများနှင့် ပိုမိုများပြားသော ရည်မှန်းချက်များကို ရင်ဆိုင်ရန်အတွက် Budget 2020 ပါ ရှင်းလင်းချက်၏ အဓိကဆိုလိုရင်းများတွင်-
- သက်လတ်ပိုင်းနှင့် စီနီယာအလုပ်သမားများကို အလေးပေး၍ မွမ်းမံသင်တန်းပေးရန်နှင့် စွမ်းရည်မြှင့်တင်ရန်အတွက် ဆက်လက်တွန်းအားပေးမှု၊
- စတင်ဖွင့်လှစ်သည့်လုပ်ငန်းများနှင့် နေပျော်စရာကောင်းပြီး ဆန်းသစ်တီထွင်ထားသော ဂေဟစနစ်ကို ပံ့ပိုးပေးခြင်းဖြင့်၊ ဇီဝဆေးပညာ၊ မှတ်ဉာဏ်တု၊ ဆိုက်ဘာနှင့် အချက်အလက်လုံခြုံရေးတို့ကဲ့သို့သော ကဏ္ဍများ ပေါ်ထွက်လာစေခြင်းဖြင့် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်စနစ်ပြောင်းခြင်းတို့ လုပ်ဆောင်ရန် အဆက်မပြတ်ကြိုးပမ်းမှုများ၊
- အကူးအပြောင်းတစ်ရပ်ဖော်ဆောင်ရန်အလို့ငှာ ပြည်တွင်းလုပ်ငန်းများကို ဆက်လက်ပံ့ပိုးကူညီခြင်းနှင့်၊
- ပညာပေးခြင်း၊ စီနီယာများကို ပံ့ပိုးကူညီခြင်းနှင့် ရာသီဥတုပြောင်းလဲမှုတို့မှတဆင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများနှင့် ခြိမ်းမြောက်မှုများကို ရင်ဆိုင်ဖြေရှင်းရန်အလို့ငှာ ကြိုတင်စီစဉ်ခြင်းတို့ ပါဝင်ပါသည်။
ထင်သာမြင်သာရှိသည့် စိတ်ဝင်စားဖွယ်ရာအကောင်းဆုံးအချက်များနှင့် ကြေငြာချက်များတွင်-
- အထူးသဖြင့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း အလုပ်သမားကို ကူညီရန်အတွက် အလုပ်သမားများအတွက်ရော အလုပ်ရှင်များအတွက် SkillsFuture ခံစားခွင့်များ ချဲ့ထွင်ခြင်းကို ဘဝတသက်တာ လေ့လာသင်ကြားရေးနှင့် အဆက်မပြတ်မွမ်းမံသင်ကြားနှင့် စွမ်းရည်မြှင့်တင်ခြင်းတို့တွင် စတင်လုပ်ဆောင်ပါသည်၊
- ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူများနှင့်အတူ စတင်ဖွင့်လှစ်သော နည်းပညာကုမ္ပဏီများတွင် ပူးတွဲရင်းနှီးမြုပ်နှံရန် Startup SG Equity Scheme တွင် အစိုးရအတွက် အမေရိကန်ဒေါ်လာ ၃၀၀ မီလီယံကို ထပ်လောင်းဖြည့်သွင်းခြင်း၊
- ဆိုက်ဘာလုံခြုံရေးနှင့် ဒေတာကာကွယ်ရေး ပိုမိုအားကောင်းလာရန်အတွက် အစိုးရ၏ နည်းဗျူဟာမြောက်သော ရေရည်ကြိုးပမ်းဆောင်ရွက်မှုများဖြင့် နောက်သုံးနှစ်ကျော်ကာလတွင် အစိုးရ၏ဆိုက်ဘာနှင့် ဒေတာလုံခြုံရေးစွမ်းရည်များအား မြှင့်တင်ရန်အလို့ငှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ထည့်ဝင်ခြင်း၊ လတ်တလောပြီးမြောက်သွားသော ပြည်သူပိုင်ဒေတာလုံခြုံရေး သုံးသပ်ချက်၊
- အတွင်းပိုင်း၌ လောင်ကျွမ်းနေသော အင်ဂျင် (ICE) တပ်ယာဉ်များကို ၂၀၄၀ တွင် အသုံးပြုမှုရပ်စဲရန် ကတိကဝတ်ပြုခြင်းနှင့်
- စင်ကာပူတွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကို ကာကွယ်ရန်အတွက် Coastal and Flood Protection (ကမ်းရိုးတန်းနှင့် ရေကြီးခြင်းအား ကာကွယ်ရေး) ရန်ပုံငွေအသစ်တွင် ကနဦးရင်းနှီးမြုပ်နှံငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံထည့်ဝင်ခြင်း။
နိဂုံးချုပ်
အတိုချုပ်ပြောရလျှင် Budget 2020 သည် “ရွေးကောက်ပွဲ ဘတ်ဂျက်” ဖြစ်နိုင်သည်ဟု ပညာရှင်များမှ အစောပိုင်း၌ ဖော်ပြထားသည်ထက်သာလွန်၍ ထူးခြားသည့်အချိန်များအတွက် ထူးခြားသည့်ဘတ်ဂျက်တစ်ခုဖြစ်ပါသည်။ စိုးရိမ်ပူပန်မှုများမြင့်တက်နေသည့်ကြားတွင် ကမ္ဘာအနှံ့ COVID-19 ပျံ့နှံ့ဖြစ်ပွားမှုကြောင့် Budget 2020 သည် အဆိုပါအရေးပေါ်ပြဿနာနှစ်ရပ်ကို ရင်ဆိုင်ရန်အပြင် ပြုပြင်ပြောင်းလဲရန်အတွက် လုပ်ငန်းများကို ပံ့ပိုးကူညီရန်နှင့် စွမ်းရည်မွမ်းမံ၊ မြှင့်တင်ရန်အတွက် အလုပ်သမားများကို ပံ့ပိုးကူညီရန် ရေရှည်လိုအပ်ချက်များကို ဖြေရှင်းနိုင်သည့် များပြား၊ ပြည့်စုံသော အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။ ကြေညာခဲ့သော ပဏာမခြေလှမ်းအများအပြားသည် လုပ်ငန်းများထံမှ တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားထားသည်ကို တွေ့ရပါသည် – ဤအချက်က အစိုးရသည် လုပ်ငန်းများ၏ ထောက်ပြမှုတို့ကို လက်ခံစဉ်းစားထားကြောင်း ပြသနေပါသည်။ အသွင်းကူးပြောင်းခြင်းနှင့် တိုးတက်ရေးအတွက် နောင်လာမည့် ၃ နှစ်တွင် ဒေါ်လာ ၈.၃ ဘီလီယံကို သုံးစွဲသွားမည်ဖြစ်သည့်အချက်က လုပ်ငန်းများအနေဖြင့် လက်ရှိတွင် ရေတိုပြဿနာများကို ရင်ဆိုင်နေရလင့်ကစား ရေရှည်အတွက် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း အစိုးရက မီးမောင်းထိုးပြသနေပါသည်။