သတင်းအမှားများအပေါ် Klareco ၏ သဘောထား
ဦးစားပေးအကြောင်းအရာများ
သတင်းအမှားများနှင့် စီးပွားရေးအပေါ် ရိုက်ခတ်မှုများ
သတင်းအမှားများသည် နိုင်ငံရေး၊ လူထုကျန်းမာရေး၊ မီဒီယာနှင့် ကမ္ဘာ့စီးပွားရေးတို့အပေါ်တွင် သက်ရောက်မှုရှိသည်။ သတင်းအမှားများကို ပေးမည်ဆိုလျှင် အွန်လိုင်းကဏ္ဍများ၏ တစ်ဟုန်ထိုးပြန့်ပွားနေမှုကြောင့် သတင်းအမှားများကို ယခင်ကထက် ပိုမိုမြန်ဆန်ကျယ်ပြန့်စွာ ဖြန့်ဝေနေမိမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း စည်းကမ်းထိန်းသိမ်းအရေးယူမှုများကို တိုးမြှင့်လုပ်ဆောင်လာသည်ကို တွေ့ရပါသည်။ လွန်ခဲ့သော ၁၈ လလုံးလုံးမှာ ပြင်သစ်၊ မလေးရှား၊ ကမ္ဘောဒီယားနှင့် စင်္ကာပူတို့ကဲ့သို့သောနိုင်ငံများသည် သတင်းအမှားများကို တိုက်ဖျက်ရန်အတွက် ဥပဒပြဌာန်းပြုစုပြီးဖြစ်ပါသည်။
ဤအခြေအနေသည် စီးပွားရေးများနှင့် ဆက်သွယ်ပြောဆိုရေးလမ်းစဉ်များကို မည်သို့သက်ရောက်ထိခိုက်နေသနည်း။ ဂျူလိုင်လ ၄ ရက်နေ့၊ ၂၀၁၉ ခုနှစ်တွင် Klareco ၏ သတင်းအမှားများအပေါ်နံနက်ခင်းသဘောထားကဏ္ဍ ဖြင့် ထိုမေးခွန်းကို အဖြေရှာခဲ့ကြပါသည်။ ထိုကဏ္ဍကို ဘဏ္ဍာရေး၊ နည်းပညာနှင့် ပညာရှင်ဆိုင်ရာဝန်ဆောင်မှုပေးသည့်အပိုင်းတို့မှ ထိပ်တန်းဆုံးဖြတ်ချက်ချသူများပါဝင်သည့် သီးသန့်အဖွဲ့နှင့်အတူ စင်္ကာပူနိုင်ငံ Pickering ရှိ Parkroyal တွင် နံနက်စာအစည်းအဝေး၌ ပြုလုပ်ခဲ့ကြပါသည်။
အွန်လိုင်းပေါ်ရှိ မုသားများရန်မှကာကွယ်ခြင်းနှင့် ကိုင်တွယ်အရေးယူခြင်းဥပဒေ (POFMA)- လူထု၏အကျိုးစီးပွားကို ထိခိုက်နှစ်နာစေသည့် ဖော်ပြချက်အမှားများရန်မှ ကာကွယ်ပေးထားခြင်း
ဥပဒေနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ နိုင်ငံတော်အကြီးတန်းဝန်ကြီးချုပ် Mr. Edwin Tong ကို ဧည့်ခံဝတ်ပြုနိုင်ခဲ့ခြင်းသည် ကျွန်ုပ်တို့၏ အခွင့်ထူးဖြစ်ခဲ့ပါသည်။ အွန်လိုင်းပေါ်ရှိ မုသားများအပေါ် သူ၏ ဥပဒေနှင့်နိုင်ငံရေးဆိုင်ရာသဘောထားသည် သတင်းအမှားများကိုကိုင်တွယ်ခြင်းအတွက် ပိုမိုကျယ်ပြန့်သောအမြင်ရှုထောင့်များကို ပေးအပ်ခဲ့ပါသည်။
နိုင်ငံတော်အကြီးတန်းဝန်ကြီးချုပ် Edwin Tong သည် မကြာမီကအဆိုတင်သွင်းထားခဲ့သည့် အွန်လိုင်းပေါ်ရှိ မုသားများရန်မှကာကွယ်ခြင်းနှင့် ကိုင်တွယ်အရေးယူခြင်းဥပဒေ (POFMA) နှင့် ဥပဒေ၏ ရည်ရွယ်ချက်၊ သက်ရောက်မှုစက်ဝန်းနှင့် အသုံးပြုမှုများကို အကျဉ်းချုပ်၍ ဆက်စပ်ပြောကြားခဲ့ပါသည်။ မကောင်းသောခံစားချက်များကို လှုံ့ဆော်ပေးရန် မကြာခဏအသုံးပြုသည့် မုသားများနှင့် အခကြေးငွေရယူထားသော ဟက်ကာများက လက်နက်အဖြစ်အသုံးပြုသည့် မုသားများရှိရာနေရာများရှိပါသည်။ ထိုနေရာများတွင် အွန်လိုင်းပေါ်မှ အချက်အလက်ဖော်ပြချက်အမှားများပြန့်ပွားခြင်းကြောင့် လူထုအကျိုးစီးပွားကို ထိခိုက်နှစ်နာစေခြင်းများမှကာကွယ်ရန် POFMA ကို ရေးဆွဲပြဌာန်းခဲ့ပါသည်။ ၎င်းသည် “အချက်အလက်ဖော်ပြချက်” နှင့် “ထင်မြင်ချက်” တို့ကို ခွဲခြားသိနိုင်ရန် လက်ရှိဖြတ်ထုံးဥပဒေပေါ်တွင် မှီတည်ပြီး ထင်မြင်ချက်အပေါ်တွင် အကျုံးမဝင်ပါ။ ၎င်းသည် လူထုအကျိုးစီးပွားကို ထိခိုက်နှစ်နာစေသည့်အကြောင်းအရာတို့မှလွဲ၍ အခြားအချက်အလက်ဖော်ပြချက် အမှားများအားလုံးတွင်လည်း အကျုံးမဝင်ပါ။
အဓိကသင်ခန်းစာများစွာထဲမှတစ်ခုမှာ အကြောင်းအရာအမှားများကို ဖြုတ်ချခြင်းထက်စာလျှင် အခြေအနေအများစုတွင် အမှားပြင်ဆင်မှုများကို အခြေခံတုံ့ပြန်မှုအဖြစ်အသုံးပြုရန် POFMA က လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ အမှားပြင်ဆင်မှုကို ယှဉ်တွဲဖော်ပြသည့်ကာလတစ်လျှောက်လုံးတွင် မူလက အကြောင်းအရာအမှားသည်လည်း ဆက်လက်ရှိနေမည်ဖြစ်သည်။ လူထုသည် မုသားများနှင့် အစိုးရ၏အမှားပြင်ဆင်ပေးမှုများကို ဖတ်ရှုနိုင်ပြီး ယုံကြည်ရမည့်အရာကို ကိုယ်တိုင်ဆုံးဖြတ်နိုင်သည်။
“အချက်အလက်ဖော်ပြချက်အမှား” ဖြစ်ခြင်း၊ မဖြစ်ခြင်းကို လျှင်မြန်စွာနောက်ယောင်ခံလိုက်မည့် အယူခံပေါ်တွင်မူတည်၍ နောက်ဆုံး၌ စင်္ကာပူတရားရုံးများက ဆုံးဖြတ်မည်ဖြစ်ကာ၊ လူတစ်ဦးတစ်ယောက်ချင်းအတွက် ကုန်ကျစရိတ်နည်းပါးမည် ဖြစ်ပါသည်။။ ညွှန်ကြားမှုတစ်ခုသည် လူထုအကျိုးစီးပွားအတွက် ရည်ရွယ်၍မဟုတ်ဘဲ အခြားရည်ရွက်ချက်များအတွက်ဖြစ်ခဲ့လျှင် တရားရေးသုံးသပ်ချက်အရ စင်္ကာပူတရားရုံးများသည် အဆိုပါညွှန်ကြားချက်ကို POFMA အောက်၌ ပယ်ဖျက်နိုင်သည်။
POFMA ၏ ရည်ရွယ်ချက်နှင့် သန္နိဋ္ဌာန်များမှာ တစ်ဦးချင်းလွတ်လပ်မှုနှင့် အမြင်သဘောထားများမတူပိုင်ခွင့်တို့ကို အကာအကွယ်ပေးရန်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် လူထုကို သဘောထားကွဲနိုင်စေသော ပြန့်ပွားလွယ်သည့် မုသားများ၏ရန်မှ လိုအပ်သည့်အကာအကွယ်ကိုလည်း ပေးနေပါသည်။
သတင်းအမှားများကိုတိုက်ထုတ်ပစ်ရန် မိမိကိုယ်ကို ပိုခက်သောမေးခွန်းများကို မေးခြင်း
နိုင်ငံတော်အကြီးတန်းဝန်ကြီးချုပ် Edwin Tong ၏ ရှင်းလင်းတင်ပြပွဲနောက်တွင် Klareco ၏ သဘောထားအမြင်ကို ဖော်ပြခဲ့ပါသည်။ လုပ်ငန်းများအနေဖြင့် သတင်းအမှားများ၏ သားကောင်ဖြစ်နေရခြင်းမှ မိမိတို့ကိုယ်တိုင်ကာကွယ်နိုင်ရန် မြင်သာသောအရေးယူခြင်းလုပ်ငန်းများကို ပြုလုပ်သင့်သည်ဟု ကျွန်ုပ်တို့၏ CEO နှင့် တွဲဖက်တည်ထောင်သူ Ang Shih-Huei က တင်ပြခဲ့ပါသည်။
စီးပွားရေးလုပ်ငန်းများအတွက် လက်တွေ့ဥပမာများစွာတွင် စီးပွားရေးလုပ်ငန်းများကို မုသားများရန်မှ အခိုင်အမာကာကွယ်ပေးရန်လိုအပ်သော စဉ်းစားသုံးသပ်ချက်များပါဝင်ခဲ့ပါသည်။ အစည်းအဝေးတက်ရောက်သူများသည် လက်တွေ့ဘဝဖြစ်ရပ်လေ့လာခြင်းများမှတစ်ဆင့် တန်းတူညီမျှမှုစည်းမျဉ်းများကို ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်ခဲ့ကြသည်။ ထိုလေ့လာမှုများတွင် ဘယ်အရာက ကောင်းစွာစီမံထားသော ဆိုရှယ်မီဒီယာရေးသားတင်ပြချက်ဖြင့်ချုပ်ကိုင်ထားသော သတင်းအမှားများကို ဆန့်ကျင်နေသည့် တရားဝင်ဖော်ပြချက်လဲနှင့် စစ်မှန်သော ဆက်သွယ်ပြောဆိုရေးနည်းလမ်းများသည် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ခံနိုင်ရည်အားကို မည်သို့တည်ဆောက်နိုင်ပုံနှင့်ထိန်းသိမ်းနိုင်ပုံတို့ ပါဝင်ပါသည်။
ခွဲခွာခြင်းလက်ဆောင်အဖြစ် အခန်းထဲရှိ ဆက်သွယ်ပြောသူများနှင့် စီးပွားရေးဦးဆောင်သူများအား သူတို့၏စနစ်များကို နေရာတကျပြန်လည်သုံးသပ်ရန် ဖိတ်ခေါ်ခဲ့သည်၊ သူတို့ အခွင့်အရေးရှိေသာနေရာများမှာ-
- ဆက်သွက်ပြောဆိုမှုများ၏ “ရွှေရောင်အချိန်” ကို ပြန်လည်စဉ်းစားပါ
- သူတို့၏ တုံ့ပြန်မှုအဖွဲ့၏ အစီအစဉ်များကို ထည့်သွင်းစဉ်းစားပါ
- စိတ်ကောင်းစေတနာပြည့်ဝမှုတည်ဆောက်ခြင်းအကြောင်းကို ကြိုတင်၍လေ့လာပါ
- သူတို့၏ဝန်ထမ်းများကို ဝန်ထမ်းခန့်အပ်ရေးမှတစ်ဆင့် ယုံကြည်မှုချပ်ဝတ်တန်ဆာ တပ်ဆင်ပေးပါ
- စစ်မှန်သောတုံ့ပြန်ခြင်းများအား လူထုအမြင်၏နေရာမှဝင်၍ လေ့လာခဲ့မိပုံကို နားလည်သဘောပေါက်ပါ
- သတင်းအမှားများကို ဖန်တီးနိုင်သော အချိုးကျတုံ့ပြန်မှုများဖြင့် မှန်ကန်သောဟန်ချက်ညီခြင်းကို ရှာဖွေေပါ
Klareco နံနက်ခင်းသဘောထားများ၏ နောက်ဆုံးအပိုင်းမှာ အချိန်ပေးပါဝင်ခြင်းအတွက် နိုင်ငံတော်အကြီးတန်းဝန်ကြီးချုပ် Edwin Tong ကို ကျွန်ုပ်တို့မှ ကျေးဇူးတင်ပါရစေ။ ကျွန်ုပ်တို့၏ နံနက်စာအစီအစဉ်များသည် နောက်ဆုံးရ လက်ရှိကမ္ဘာ့စီးပွားရေးခေါင်းစဉ်များနှင့် ကျယ်ပြန့်လွန်းလှသည့် လုပ်ငန်းများ၊ နယ်ပယ်များအသီးသီးရှိ ဆက်သွယ်ပြောဆိုရေးနေရာတွင် နောက်ဆုံးဖြစ်ပေါ်ထားသည့် အကြောင်းအရာများကို လေ့လာဖော်ထုတ်ပေးနေပါသည်။
ကျွန်ုပ်တို့၏ နောက်ထပ်အစီအစဉ်ကို ဆက်လက်စောင့်ကြည့်ပေးကြပါ။