Klareco Communications wins at Asia-Pacific SABRE Awards 2018
Singapore, Hong Kong, Indonesia, Malaysia, Myanmar, 12 September 2018 – Klareco Communications, an award-winning strategic communications consultancy in Asia, continues to win industry recognition. The agency won the 2018 Asia-Pacific SABRE Award for best “Professional Service Firms”. The Asia- Pacific SABRE Awards is among the region’s largest PR awards programme, run by the Holmes Report.
The award recognises the success achieved for Klareco Communications, following a management buyout of the company in September 2017. Over the past year, Klareco Communications has grown from strength to strength. The agency’s growth has been focused on its three core pillars of corporate communications, financial communications and public affairs.
The agency continues to win significant mandates, particularly in complex communications issues and has also enjoyed the success of its ongoing push in the Fintech space, with an unprecedented number of clients wins in 2018. The agency also further propelled its strong crisis communications offering throughnewpartnershipsandsawfast-growthinitsgovernmentandpublicaffairspractice. Itcontinues to strengthen its digital offering, providing strategic digital counsel to some of the leading technology brands in the world and global management consultancies.
“We are truly honoured with this recognition. It has taken real courage, resilience and determination to achieve what we have done over the past year. We would like to thank the team for their hard work, dedication and unwavering focus on excellence. We are also very grateful for the long and fruitful partnerships we have enjoyed with our clients and their ongoing support. We look forward to continuing to achieve best in class results for our clients and expanding the business further,” said Ang Shih-Huei, CEO and Mark Worthington, Managing Director, Klareco Communications.
Klareco Communications operates in five offices across Asia including the latest opening in Indonesia through its partnership agreement with Kiroyan Partners. It was nominated to be the Asia partner for the Global Communication Partners network for independent agencies earlier this year, which gives Klareco Communications the ability to service clients across the region and internationally.
Klareco Communications သည် Asia-Pacific SABRE Awards 2018 တွင် ဆုများရရှိခဲ့သည်
စင်္ကာပူ၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ စက်တင်ဘာ ၁၂ ရက် ၂၀၁၈ – အာရှမှ ဆုများစွာရရှိထားသော နည်းဗျူဟာကျ ဆက်ဆံရေးဆိုင်ရာ အတိုင်ပင်ခံအဖွဲ့ Klareco Communications သည် လုပ်ငန်းတွင်း အသိအမှတ်ပြု မှတ်တိုင်များကို ဆက်လက်စိုက်ထူလျက် ရှိပါသည်။ ဤအေဂျင်စီသည် 2018 Asia-Pacific SABRE Award ပွဲတွင် အကောင်းဆုံးသော ပညာရှင်အဆင့် ဝန်ဆောင်မှုအဖွဲ့ဆု “Professional Service Firms” ဆုကို ရရှိခဲ့ပါသည်။ အဆိုပါ Asia-Pacific SABRE Awards သည် ဒေသတွင်းမှ အကြီးဆုံးသော PR ဆုအစီအစဉ်များမှ တစ်ခုဖြစ်ပြီး Holmes Report မှ စီစဉ်ကျင်းပပေးခြင်း ဖြစ်ပါသည်။
ဤဆုသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း စီမံခန့်ခွဲမှုပိုင်းမှ ဝယ်ယူမှုပြီးနောက်တွင် Klareco Communications မှ ဆွတ်ခူးနိုင်ခဲ့သော အောင်မြင်မှုတို့ကို အသိအမှတ်ပြုခဲ့ပါသည်။ ပြီးခဲ့သည့်နှစ်အတွင်း Klareco Communications သည် တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်အားကောင်းလာခဲ့ပါသည်။ အေဂျင်စီ၏ တိုးတက်မှုမှာ အဖွဲ့အစည်း ဆက်ဆံရေး၊ ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံရေးနှင့် ပြည်သူ့ဆက်ဆံမှုဟူသော ၎င်း၏အခြေခံမဏ္ဍိုင် သုံးခုအပေါ် အာရုံစိုက်လာခြင်း ဖြစ်ပါသည်။
ဤအေဂျင်စီသည် သိသာထင်ရှားသည့် မဏ္ဍိုင်များကို ဆက်လက်စိုက်ထူနိုင်ခဲ့ပြီး အထူးသဖြင့် ရှုပ်ထွေးသော ဆက်ဆံရေးပြဿနာများတွင် အောင်မြင်မှုရရှိခဲ့ပြီး Fintech နယ်ပယ်အတွက် အားထုတ်မှုနှင့်အတူ ၂၀၁၈ ခုနှစ်အတွင်း ယခင်ထက် များစွာသာလွန်သော လုပ်ငန်းအပ်သူ အရေအတွက်တို့ဖြင့် ဆက်လက်အောင်မြင်လျက် ရှိပါသည်။ ထို့ပြင် မိတ်ဖက်ဆောင်ရွက်မှု အသစ်များနှင့်အတူ ၎င်း၏ ခက်ခဲသော အခြေအနေဆိုင်ရာ ဆက်သွယ်ဆက်ဆံမှု ဝန်ဆောင်မှုများကို ရှေ့တန်းသို့ တင်ပေးခဲ့ပြီး ၎င်း၏ အစိုးရနှင့် ပြည်သူ့ဆက်ဆံရေး ကဏ္ဍများတွင် အလျှင်အမြန် တိုးတက်မှုများကို တွေ့ရှိခဲ့ရပါသည်။ ၎င်းသည် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကိုလည်း ဆက်လက်အားဖြည့်ပေးပြီး ကမ္ဘာ့တစ်လွှားရှိ ဈေးကွက်ဦးဆောင် နည်းပညာအမှတ်တံဆိပ်များနှင့် နိုင်ငံတကာအဆင့် စီမံခန့်ခွဲရေးဆိုင်ရာ အဖွဲ့များသို့ နည်းဗျူဟာဆန်ဆန် ဒစ်ဂျစ်တယ် တိုင်ပင်ဆွေးနွေးမှုများဖြင့် ပံ့ပိုးပေးခဲ့ပါသည်။
ကျွန်ုပ်တို့ ဒီလိုအသိအမှတ်ပြုခံရတဲ့အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူရပါတယ်။ ပြီးခဲ့သည့်နှစ်အတွင်း ကျွန်ုပ်တို့၏ အောင်မြင်မှုများအတွက် သတ္တိအစစ်အမှန်၊ နောက်မဆုတ်သောဇွဲလုံ့လနှင့် စိတ်ဓါတ်ခိုင်မာမှုများဖြင့် အရင်းခံလုပ်ဆောင်ခဲ့ရပါတယ်။ ကျွန်ုပ်တို့အဖွဲ့ကို အလုပ်ကြိုးစားမှု၊ စိတ်အားထက်သန်မှုနှင့် အကောင်းဆုံး ဖြစ်ရန်အတွက် မတုန်မလှုပ် အာရုံစိုက်မှုတို့အတွက် ကျေးဇူးတင်လိုပါတယ်။ ကျွန်ုပ်တို့ရဲ့လုပ်ငန်းအပ်နှံသူများကိုလည်း ဆက်လက်ခိုင်မြဲလျက်ရှိသော ထောက်ခံအားပေးမှုနှင့်အတူ ရေရှည်တဲ့ အကျိုးအမြတ်များစွာဖြင့် မိတ်ဖက်ဆောင်ရွက်နိုင်မှုများအတွက်လည်း ကျေးဇူးတင်လိုပါတယ်။ ကျွန်ုပ်တို့ လုပ်ငန်းအပ်နှံသူ များအတွက် လုပ်ငန်းအတွင်း အကောင်းဆုံးသော ရလဒ်များရရှိစေရန်နှင့် စီးပွားရေး လုပ်ငန်းများကို တိုးချဲ့နိုင်ရန် စောင့်မျှော်လျက် ရှိပါတယ် ဟု Klareco Communications ၏ CEO ဖြစ်သူ Ang Shih-Huei နှင့် Managing Director ဖြစ်သူ Mark Worthington တို့မှ ဆိုပါသည်။
Klareco Communications သည် Kiroyan Partners နှင့် မိတ်ဖက်လုပ်ဆောင်၍ အင်ဒိုနီးရှားတွင် ဖွင့်လှစ်ခဲ့သည့် ရုံးသစ်အပါအဝင် အာရှတစ်လွှားမှ ရုံးခန်းငါးခုဖြင့် လုပ်ငန်းလုပ်ဆောင်လျက်ရှိပါသည်။ Klareco Communications ကို ယခုနှစ် အစောပိုင်းတွင် တစ်ဦးပုဂ္ဂလ အေဂျင်စီများအတွက် Global Communication Partners ကွန်ရက်မှ Asia partner အဖြစ် အဆိုတင်သွင်းခံခဲ့ရပြီး ၎င်းသည် Klareco Communications ကို ဒေသတစ်ဝိုက်နှင့် နိုင်ငံတစ်ကာမှ လုပ်ငန်းအပ်နှံသူများကို ဝန်ဆောင်မှုပေးစေနိုင်မည် ဖြစ်ပါသည်။