logologologologo
  • HOME
  • WHO WE ARE
  • OUR NETWORK
  • WHAT WE OFFER
    • OUR SERVICES
    • OUR EXPERTISE
  • NEWS & INSIGHTS
  • CAREERS
  • CONTACT US
  • HOME
  • WHO WE ARE
  • OUR NETWORK
  • WHAT WE OFFER
    • OUR SERVICES
    • OUR EXPERTISE
  • NEWS & INSIGHTS
  • CAREERS
  • CONTACT US

Klareco Communications နှင့် Kiroyan Partners တို့ ပူးပေါင်း၍ သီးသန့်မိတ်ဖက်သဘောတူညီချက် တစ်ခုဖြင့် အင်ဒိုနီးရှားနှင့် အာရှတို့တွင် ဝန်ဆောင်မှုများ ဖြန့်ကျက်ပေးမည်

ဖေဖေါ်ဝါရီ ၈ ရက် ၂၀၁၈၊ အာရှပစိဖိတ် – အာရှမှ ဆုများရှင် နည်းဗျူဟာဆန်ဆန် ဆက်ဆံရေး အတိုင်ပင်ခံကုမ္ပဏီ Klareco Communications နှင့် အင်ဒိုနီးရှားမှ ထိပ်တန်း အဖွဲ့အစည်း ဆက်ဆံရေးနှင့် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Kiroyan Partners တို့သည် နှစ်ပေါင်းများစွာ ဖန်တီးထားခဲ့သော ဆက်ဆံရေးများကို ပိုမိုနက်ရှိုင်းစေမည့် သဘောတူညီချက်တစ်ခုတွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ဤမိတ်ဖက်လုပ်ဆောင်မှုသည် ကုမ္ပဏီနှစ်ခုစလုံးကို တစ်ဦးနှင့်တစ်ဦး ကွန်ရက်များ အပြန်အလှန် ငှားယူအသုံးချစေနိုင်ပြီး အင်ဒိုနီးရှားနှင့် ဒေသတွင်းမှ လုပ်ငန်းအပ်နှံသူများအတွက် ပူးတွဲဝန်ဆောင်မှုများဖြင့် ပံ့ပိုးပေးစေနိုင်မည် ဖြစ်ပါသည်။ Klareco Communications နှင့် Kiroyan Partners တို့သည် ယခင်က ဒေသတွင်း Client များကို ဝန်ဆောင်မှုပေးရန်အတွက် အကြိမ်ပေါင်းမြောက်များစွာ ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးသော်လည်း ဤသဘောတူညီချက်အရ ကုမ္ပဏီနှစ်ခုစလုံးကို ၎င်းတို့၏ လုပ်ငန်းများ ဆက်လက်တိုးတက်စေရန်နှင့် ဝန်ဆောင်မှုများကို ပူးတွဲပေးဆောင်နိုင်စေရန် လမ်းဖွင့်ပေးသွားမည် ဖြစ်ပါသည်။

အင်ဒိုနီးရှား၌ ယခုနှစ်အတွင်း စီရင်စုအဆင့် ရွေးကောက်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပသွားမည် ဖြစ်သည့်အချိန်တွင် Klareco Communications နှင့် Kiroyan Partners တို့သည် နိုင်ငံတကာနှင့် အင်ဒိုနီးရှားနိုင်ငံတွင်းမှ ကုမ္ပဏီများကို နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများတွင် ကူညီလမ်းညွှန်ပေးနိုင်မည့် ပြည်သူ့ရေးရာနှင့် ဆက်ဆံရေးဆိုင်ရာ အကြံပြုချက်များဖြင့် ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ ကျန်ရှိသော အာရှနိုင်ငံများနှင့် ၎င်းတို့ထက်ကျော်လွန်၍ လုပ်ငန်းဖြန့်ကျက်လိုသည့် အင်ဒိုနီးရှား ကုမ္ပဏီများကိုလည်း Klareco Communications ၏ နိုင်ငံတကာ ကွန်ရက်ကိုအသုံးပြု၍ ထောက်ပံ့ပေးသွားမည့် အစီအစဉ်များလည်း ရှိနေပါသည်။

ဤမိတ်ဖက်ဆောင်ရွက်မှုပါ စည်းကမ်းချက်များအရ Klareco Communications နှင့် Kiroyan Partners နှစ်ခုစလုံးသည် ဈေးကွက်များအကြား အသိပညာနှင့် ကျွမ်းကျင်မှုများ မျှဝေရန်အတွက် ဝန်ထမ်းများ ငှားရမ်းဖလှယ်ခြင်းများလည်း လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် client များထံသို့ အရည်အသွေး အမြင့်ဆုံးသော ဝန်ဆောင်များဖြင့် ပံပိုးပေးနိုင်ရန်ဟူသော မူဝါဒအမြင် တူညီသည့် Kiroyan Partners နှင့် တွဲဖက်လုပ်ဆောင်နိုင်ခဲ့သည့်အတွက် စိတ်ကျေနပ်ရပါသည်။ Klareco Communications သည် အာရှတစ်ခွင်မှ ရင်းနှီးမြှုပ်နှံလိုသော သို့မဟုတ် ဒေသတွင်း လုပ်ငန်းဖြန့်ကျက်နေသော client များအတွက် ဦးစားပေး အေဂျင်စီဖြစ်လာစေရန် ဦးတည်လုပ်ဆောင်လျက်ရှိပြီး အင်ဒိုနီးရှားသည် ၎င်း၏အရောင်အသွေးစုံသော စီးပွားရေးနှင့် လူငယ်လူဦးရေတို့ကြောင့် အရေးပါသော ဈေးကွက်တစ်ခု ဖြစ်နေပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံတကာနှင့် ဒေသတွင်းမှ client များနှင့် ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်လိုပြီး ၎င်းတို့အတွက် အကောင်းဆုံး ထောက်ပံ့မှုများဖြင့် ပံ့ပိုးပေးလိုပါသည် ဟု Klareco Communications ၏ အလုပ်အမှုဆောင် အရာရှိအကြီးအကဲ Ang Shih-Huei မှ ဆိုပါသည်။

Kiroyan Partners ၏ မန်နေးဂျင်းဒါရိုက်တာနှင့် ဥက္ကဋ္ဌဖြစ်သူ Anton Rizki Sulaiman မှလည်း “ကျွန်ုပ်တို့သည် Kiroyan Partners ၏ အရေးပါသော ဒေသတွင်းအသိပညာနှင့် Klareco ၏ နိုင်ငံတကာသို့ ရောက်ရှိနိုင်စွမ်းနှင့် အတွေ့အကြုံတို့ကို ပေါင်းစပ်နိုင်ခဲ့သည့် မိတ်ဖက်လုပ်ဆောင်မှုကို စတင်နိုင်ခဲ့သည့်အတွက် အလွန်ဂုဏ်ယူလျက် ရှိပါတယ်။ ကျွန်ုပ်တို့ ကုမ္ပဏီနှစ်ခုစလုံးသည် ဒေသတွင်းရှိ လုပ်ငန်းအပ်နှံသူ များအတွက် အခြေခံသဘောတရား မှန်ကန်ပြီး သင့်လျော်သည့် ဖြေရှင်းနည်းများဖြင့် ပံ့ပိုးပေးနိုင်ရန်ဟူသော တူညီသည့် ရည်မှန်းချက်ဖြင့် လုပ်ဆောင်လျက်ရှိကြပြီး ဒီမိတ်ဖက်လုပ်ဆောင်မှုမှာ အဆိုပါ ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ခုဖြစ်သည်ဟု ခိုင်မာစွာ ယုံကြည်ထားပါတယ်။”

အင်ဒိုနီးရှား လမ်းကြောင်းသို့ Klareco Communications ၏ လု်ပငန်းဖြန့်ကျက်မှုသည် အာရှတစ်ခွင်နှင့် အာရှမှအလွန်အထိ ဆက်လက်သက်ရောက်မှု ရှိနေပါသည်။ ဤအတိုင်ပင်ခံအဖွဲ့မှ ဘဏ္ဍာရေးနှင့် အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးနယ်ပယ်တွင် အထူးပြုကျွမ်းကျင်သည့် တစ်သီးပုဂ္ဂလ ဆက်ဆံရေးအဖွဲကများ ပါဝင်သော နိုင်ငံတကာ ကွန်ရက်တစ်ခုဖြစ်သည့် Global Communications Partners (GCP) အဖွဲ့ဝင်အဖြစ် ဝင်ရောက်မည်ဖြစ်ကြောင်း မကြာသေးမီက ကြေငြာခဲ့ပါသည်။

Klareco Communications အနေဖြင့် Kiroyan Partners နှင့် မိတ်ဖက်လုပ်ဆောင်မှုသည် GCP အတွင်းသို့ ကျွန်ုပ်တို့ ဝင်ရောက်ခြင်းနှင့် လိုက်ဖက်သည့် လုပ်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ပါဝင်သူအားလုံးကို လက်ရှိလုပ်ငန်းအပ်နှံသူများနှင့်ပိုမိုနက်ရှိုင်းစွာ ဆွေးနွေးစေနိုင်ပြီး နောက်ထပ် ဈေးကွက်အများအပြားတွင် ဆက်ဆံရေးအသစ်များ ဖန်တီးစေနိုင်မည် ဖြစ်ပါတယ်။ ကျွန်ုပ်တို့သည် Kiroyan Partners နှင့် GCP အဖွဲ့ဝင်များနှင့် စီးပွားရေး လုပ်ငန်းသစ်များအတွက် ဆွေးနွေးမှုများကို စတင်ပြီးဖြစ်ပြီး ကျွန်ုပ်တို့သည် ရှေ့လျောက် စိတ်လှုပ်ရှားဖွယ် မိတ်ဖက်လုပ်ဆောင်မှုများကို စောင့်ကြိုလျက် ရှိပါတယ် ဟု Klareco Communications ၏ မန်နေးဂျင်းဒါရိုက်တာ Mark Worthington မှ ပြောကြားခဲ့ပါသည်။

ထိုကွန်ရက်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် Klareco Communications ၏ နိုင်ငံတကာသို့ လက်လှမ်းနိုင်စွမ်းမှာ နိုင်ငံ ၂၀ ကျော်အထိ တိုးပွားလာခဲ့ပြီး လန်ဒန်၊ နယူယောက်နှင့် ဖရန့်ဖက်တို့ အပါအဝင် ကမ္ဘာ့ထိပ်တန်း ဘဏ္ဍာရေး ဈေးကွက်များမှ လုပ်ငန်းတွင်း အကောင်းဆုံးသော ပြည်သူ့ဆက်ဆံရေး အတိုင်ပင်ခံအဖွဲ့များနှင့် အတူတွဲ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

တစ်ဖက်တွင်မူ လူထုရေးရာ အတိုင်ပင်ခံအဖွဲ့ Kiroyan Partners သည် ယနေ့ခေတ် ရှုပ်ထွေးသော လုပ်ငန်းအနေအအထားအရ ကုမ္ပဏီများအနေဖြင့် တွေ့ကြုံရသည့် ပြဿနာများကို ပြီးပြည့်စုံပြီး စည်းကမ်းချက်အမျိုးမျိုး ပါဝင်သော ချဉ်းကပ်မှုဖြင့် ဖြေရှင်းလျက်ရှိပါသည်။ ဤကုမ္ပဏီကို အင်ဒိုနီးရှားတွင် လွှမ်းမိုးမှုမြင့်မားသော ရာထူး/နေရာများတွင် တာဝန်ယူခဲ့သည့် ဂုဏ်သရေရှိ အလုပ်အမှုဆောင်များ ပါဝင်သော အကြံပေးကောင်စီမှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့၏ အတွေ့အကြုံနှင့် ရှုထောင့်အမြင်များကို အသုံးပြု၍ နည်းဗျူဟာများကို ပိုမိုညက်ညောစေရန်နှင့် ထိရောက်သော ဖြေရှင်းနည်းများကို ပုံသွင်းနိုင်ရန် လုပ်ဆောင်သွားကြမည် ဖြစ်ပါသည်။

Klareco Communications အကြောင်း

Klareco Communications သည် အာရှမှ ဆုများရှင် နည်းဗျူဟာကျ ဆက်ဆံရေးဆိုင်ရာ အတိုင်ပင်ခံအဖွဲ့တစ်ဖွဲ့ ဖြစ်ပါသည်။ ၎င်းသည် သြစတြေးလျ၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံများ အပါအဝင် နယ်ပယ်အများအပြား၌ ၎င်း၏ Klareco ရုံးများနှင့် တည်ထောင်ပြီး မိတ်ဖက်ကွန်ရက်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက် ရှိပါသည်။ ဘဏ္ဍာရေးနှင့် အဖွဲ့အစည်း ဆက်ဆံရေးအထူးပြု အတိုင်ပင်ခံအဖွဲ့ Global Communications Partners ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော Klareco သည် အမေရိက၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းတို့အထိ နိုင်ငံတကာသို့ လုပ်ငန်းဖြန့်ကျက်နိုင်စွမ်း ရှိပါသည်။ Klareco သည် အာရှမှ ကုမ္ပဏီများအပြင် နိုင်ငံအမျိုးမျိုး၌ လုပ်ဆောင်နေသော ကုမ္ပဏီ အများအပြားအတွက် ယုံကြည်ရသော အကြံပေးအဖွဲ့တစ်ခု ဖြစ်ပါသည်။ ၎င်း၏ လုပ်ငန်းနယ်ပယ်အတွင်း အကောင်းဆုံးသော ပြည်သူ့ဆက်ဆံရေး ဝန်ဆောင်မှုများသည် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တစ်ဦးစီအတွက် အကောင်းဆုံး အကြံပြုချက်များဖြင့် ပံ့ပိုးပေးလျက်ရှိသည်။ ဤအတိုင်ပင်ခံအဖွဲ့သည် ရှုပ်ထွေးသော အခြေအနေများအား ရှင်းလင်းပေးခြင်းနှင့် ၎င်း၏ Client များအတွက် ကိုက်ညီမှုအမြင့်ဆုံး ဆက်ဆံရေးနည်းလမ်းများဖြင့် ပံ့ပိုးပေးခြင်းများ လုပ်ဆောင်နိုင်ရန် အားထုတ်လုပ်ဆောင်လျက် ရှိပါသည်။ ထိရောက်မှု အမြင့်ဆုံးသော ဆက်ဆံရေးနည်းလမ်းများသည် အစိုးရနှင့် NGO များ၊ စီးပွားရေးလုပ်ငန်းများ၊ မီဒီယာနှင့် လူထုတို့အပါအဝင် အရေးပါသူ အမျိုးမျိုးထံသို့ ရောက်ရှိနိုင်သည်ဟု Klareco မှ ယုံကြည်ထားပါသည်။ ၎င်း၏ ပေါင်းစပ်ဆက်ဆံရေး ချဉ်းကပ်နည်းသည် အဖွဲ့အစည်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံရေးများအပြင် လူထုရေးရာ၊ ခက်ခဲသော အခြေအနေနှင့် ဒစ်ဂျစ်တယ် ဆက်ဆံရေးဆိုင်ရာ နယ်ပယ်များအထိ ၎င်း၏အထူးကျွမ်းကျင်မှုတို့ကို ပေါင်းစပ်ပေးနိုင်ပါသည်။

Kiroyan Partners အကြောင်း

Kiroyan Partners (KP) သည် စီးပွားရေး လုပ်ငန်းများကို အရေးပါသူ/ရှယ်ယာရှင်များနှင့် ဆက်ဆံမှု ပိုမိုကောင်းမွန်စေရန်နှင့် ၎င်းတို့၏ ဂုဏ်သတင်း တိုးမြှင့်စေနိုင်ရန် ကူညီပေးလျက်ရှိသည့် အဖွဲ့အစည်း ဆက်ဆံရေးနှင့် လူထုရေးရာ အတိုင်ပင်ခံအဖွဲ့တစ်ခု ဖြစ်ပါသည်။ ၎င်းအား စတင်တည်ထောင်ခဲ့သော ၂၀၀၆ ခုနှစ်မှ စတင်ပြီး KP သည် ကျောက်တွင်းလုပ်ငန်း၊ ရေနံနှင့်ဓါတ်ငွေ့ ကဲ့သို့သော လုပ်ငန်းနယ်ပယ်များ၊ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာ အေဂျင်စီများ၊ ထောက်ပို့လုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ စိုက်ပျိုးရေး၊ FMCG နှင့် ထုတ်လုပ်ရေးတို့ ကဲ့သို့သော နယ်ပယ်အမျိုးမျိုးတွင် လုပ်ငန်းလုပ်ဆောင်နေသည့် နိုင်ငံတွင်းနှင့် နိုင်ငံတကာမှ ကုမ္ပဏီများနှင့် ပူးတွဲလုပ်ဆောင်လျက်ရှိပါသည်။ KP သည် စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့အတွက် အရေးပါ အရာရောက်သူများအကြား တာဝန်ခံယူသော၊ ကျင့်ဝတ်နှင့် ကိုက်ညီသော၊ ရေရှည်တည်တံ့နိုင်သော ဆက်ဆံမှုများကို ဖော်ဆောင်နိုင်မှုအား ကောင်းမွန်သော လုပ်ငန်းဂုဏ်သတင်းတစ်ခု ဖော်ဆောင်နိုင်ရန် အဓိကအချက်အဖြစ် ဆက်လက်စောင့်ကြပ် ကူညီပေးလျက် ရှိပါသည်။ ထပ်မံသိရှိလိုပါက http://www.kiroyan-partners.com/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Global Communications Partners အကြောင်း

Global Communications Partners သည် ကမ္ဘာပေါ်ရှိ ဘဏ္ဍာရေးဆိုင်ရာ ဈေးကွက်ကြီးများမှ ထိပ်တန်း တစ်သီးပုဂ္ဂလ လူထုရေးရာ အတိုင်ပင်ခံအဖွဲ့များကို အတူပေါင်းစည်းထားသည့် ဘဏ္ဍာရေးနှင့် အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးအထူးပြု ကွန်ရက်တစ်ခု ဖြစ်ပါသည်။ ဤကွန်ရက်ကို ဖော်ပြပါ အေဂျင်စီများဖြင့် ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည် – Honner (သြစတြေးလျ)၊ Interel (ဘရာဇီး)၊ Cunha Vaz Brazil (ဘရာဇီး)၊ Argyle Public Relations (ကနေဒါ)၊ Shan (ပြင်သစ်)၊ Charles Barker (ဂျာမနီ)၊ Adfactors (အိန္ဒိယ)၊ Twister Communications Group (အီတလီ)၊ Access Communications & Consulting (ကိုရီးယား)၊ Cunha Vaz Portugal (ပေါ်တူဂီ)၊ Klareco Communications (စင်္ကာပူ၊ ဟောင်ကောင်၊ ကွာလာလမ်ပူနှင့် ရန်ကုန်)၊ Grupo Albion (စပိန်)၊ Farner (ဆွစ်ဇာလန်)၊ Borouj Consulting (UAE)၊ Intermarket Communications (အမေရိကန် ပြည်ထောင်စု)၊ Lansons (United Kingdom) တို့ ပါဝင်ပါသည်။

၁၉၉၅ ခုနှစ်မှ စတင်ပြီး ယခင် Global Financial Communication Network ဟု ခေါ်ဆိုခဲ့သော ယခု Global Communication Partners သည် client များအတွက် ၎င်းတို့၏ သတင်းစကားကို ဘဏ္ဍာရေးနှင့် အဖွဲ့အစည်း ဆုံးဖြတ်ချက် ချမှတ်သူများထံသို့ အောင်မြင်စွာ အသိပေးဆက်သွယ်နိုင်ရန်အတွက် လိုအပ်သည့် အထူးပြု အရည်အချင်းများဖြင့် ပြည့်စုံသည့် ဈေးကွက်ထိပ်တန်း တစ်သီးပုဂ္ဂလ အဖွဲ့များ ပါဝင်သော ကွန်ရက်တစ်ခုနှင့် ဆက်သွယ်ပေးလျက် ရှိပါသည်။ GCP ကွန်ရက်ကို အဖွဲ့ဝင်များမှသာ အသုံးပြုနိုင်မည် ဖြစ်ပြီး အဖွဲ့ဝင်များကိုလည်း ဖိတ်ခေါ်စနစ်ဖြင့်သာ လက်ခံသွားမည် ဖြစ်ပါသည်။

An award-winning strategic communications consultancy in Asia.

 

Proud media partner of this year’s SuperReturn Private Credit Asia and SuperReturn China

Latest News

  • Singapore Election Results Point Towards Business Continuity and Stability

    May 06, 2025

  • Singapore Budget 2025: Driving Innovation, Sustainability, and Workforce Transformation

    Feb 20, 2025

  • Crisis communications for cybersecurity incidents

    Oct 09, 2024

Awards


PRCA SEA Awards Winner 2022


PR Awards Asia Silver Winner 2021


PRCA SEA Awards Winner 2021

 

Contact Details

Singapore

80 Robinson Road, #11-01, Singapore 068898

Malaysia

Level 2, Unit 023, 129 Offices, Block J, Jaya One, Jalan Profesor Diraja Ungku Aziz, 46200 Petaling Jaya, Malaysia

Indonesia

Cyber 2 Tower, 18th Floor Jl. H. R. Rasuna Said Blok X-5, Kav.13, Jakarta Selatan 12950, Indonesia
klareco-enquiries@h-advisors.global
https://klareco.h-advisors.global

Copyright 2021. All rights reserved.