စက်ရုပ်များသည် ဆက်ဆံရေးနယ်ပယ်တစ်ခုလုံးကို လွှမ်းမိုးနိုင်ပါသလား
Klareco ၏ ရှုထောင့်အမြင်များ
Artificial Intelligence (AI) (အသိဉာဏ်အတု) သည် Wall Street ကို အကြီးအကျယ် ပြောင်းလဲစေမည်ဟု ခန့်မှန်းထားကြပါသည်။ နောင်ငါးနှစ်မှ ဆယ်နှစ်အတွင်း AI သည် ကုန်သွယ်မှုများ လုပ်ဆောင်ခြင်းမှသည် လုပ်ငန်းအပ်နှံသူများအတွက် ကြွယ်ဝမှု စီမံခန့်ခွဲသော ဝန်ဆောင်မှုများ ပေးအပ်သည်အထိ Value Chain (တန်ဖိုးချိတ်ဆက်မှု) ၏ အဆင့်တိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဟု ခန့်မှန်းထားပါသည်။
ဆက်ဆံရေး လုပ်ငန်းသည် AI မှ စေ့စပ်စွာ ရှုမြင်မှုမှ အများအားဖြင့် ကင်းလွတ်ခဲ့သော်လည်း နည်းပညာတိုးတက်မှုမှာ ရပ်တန့်သွားမည် မဟုတ်ဘဲ AI သည် လုပ်ငန်းနယ်ပယ် အားလုံးတွင် ပါဝင်လာမည်ဟု McKinsey မှ ခန့်မှန်းထားပါသည်။
ဆက်ဆံရေး လုပ်ငန်းအပေါ် AI ၏ သက်ရောက်မှုသည် PublicAffairsAsia မှ ပြီးခဲ့သည့်အပတ်က ကျင်းပခဲ့သော စုဝေးဆွေးနွေးမှုတွင် အဓိကအကြောင်းအရာ ဖြစ်ပါသည်။ ထိုစုဝေးဆွေးနွေးမှုကို “စွမ်းရည်နှင့် နည်းပညာ – သင့်အလုပ်အကိုင်ကို အနာဂတ်အတွက် ပြင်ဆင်နည်း” ဟု အမည်ပေးထားပါသည်။ ထိုသို့ဆွေးနွေးရာတွင် Klareco Communications ၏ မိတ်ဖက်နှင့် CEO ဖြစ်သူ Ang Shih-Huei မှ AI နှင့် PR တို့ တွေ့ဆုံမှုနှင့် ပတ်သက်၍ သူမ၏အမြင်ကို အခြားဆွေးနွေးသူများထံသို့ မျှဝေပေးခဲ့ပါသည်။

AI သည် အားလုံးကို ပြောင်းလဲသွားစေမည်ဖြစ်သည်
AI သည် ဆက်ဆံရေးနယ်ပယ်ကို အကောင်းဘက်သို့ သိသာထင်ရှားစွာ ပြောင်းလဲနိုင်မည့် အလားအလာရှိပါသည်။
ကျွန်ုပ်တို့သည် ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် ကျွန်ုပ်တို့ထံ လုပ်ငန်းအပ်နှံသူများအတွင် ပြုပြင်ပြောင်းလဲပေးရမည့် အချက်အလက် အမျိုးမျိုးကို တွေ့ကြုံရလေ့ ရှိပါသည်။ မကြာသေးမီက ကျွန်ုပ်ကို နိုင်ငံတကာအဆင့် ဖျော်ဖြေရေးကဏ္ဍမှ လုပ်ငန်းအပ်နှံသူတစ်ဦးမှ “ပြီးခဲ့သည့် လအနည်းငယ်အတွင်း အာရှ၌ အထင်ရှားဆုံးသော ကမ်ပိန်းက ဘာလဲ” ဟု မေးမြန်းခဲ့ပါသည်။ ထိုသို့ ခြုံငုံမေးမြန်းချက်များအတွက် နာရီများစွာ သို့မဟုတ် ရက်ပေါင်းများစွာ သုတေသနလုပ်ရန် လိုအပ်နိုင်သော်လည်း ကျွန်ုပ်တွင် ဆက်ဆံရေးစက်ရုံတစ်ရုပ် ‘Robi-Comms’ အသင့်ရှိသည် ဆိုပါက ခလုပ်တစ်ချက် နှိပ်ရုံဖြင့် ၎င်းစက်ရုပ်သည် ဘာသာအားလုံးဖြင့် ထုတ်ဝေခဲ့သော သတင်းအားလုံးကို ရှာဖွေပြီး မှန်ကန်သည့်ဖြေရှင်းချက်ကို ခိုင်မာသော ဒေတာနှင့် အချက်အလက်များဖြင့် ထောက်ခံပြသနိုင်မည် ဖြစ်ပါသည်။
AI သည် ဆက်ဆံရေးကျွမ်းကျင်သူများကို လုပ်ငန်းအစီအစဉ်ကို ထိန်းချုပ်နိုင်သည့် နည်းဗျူဟာဆန်ဆန် ဆက်ဆံရေးအစီအစဉ်များ ဖန်တီးခြင်းမှသည် စိတ်ခံစားမှု လှုံ့ဆော်နိုင်မည့် အားကောင်းသော ဇာတ်ကြောင်းများ ပြောပြခြင်းအထိ လုပ်ငန်းအပ်နှံသူများအတွက် ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိစေရန်အတွက် သမားရိုးကျမဟုတ်သော နည်းလမ်းများအပေါ် အာရုံစိုက်ပြီး တန်ဖိုးချိတ်ဆက်မှုတွင် အထက်သို့တက်နိုင်ရန် ကူညီပေးမည် ဖြစ်ပါသည်။
နည်းပညာသည် ဆက်ဆံရေးလုပ်ငန်းများတွင် အခန်းကဏ္ဍသစ်များကို ဖန်တီးပေးသွားမည်
အချိန်နှင့်တစ်ပြေးညီ ဒေတာတို့ကို ပိုင်ဆိုင်မှုတစ်ခုအဖြစ် အသုံးပြုထားချိန်တွင် ဆက်ဆံရေးလုပ်ငန်းသည် ၎င်းတို့လက်ဝယ်ရှိသော ဒေတာတို့ကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ရန် လိုအပ်လာပါသည်။ ထို့အတွက်ကြောင့် လုပ်ငန်းနယ်ပယ်တွင်း၌ ဒေတာသိပ္ပံပညာရှင်များ ရှိရန်ဖြစ်စေ၊ ဒေတာခွဲခြမ်းစိတ်ဖြာမှု ကျွမ်းကျင်သော ဆက်ဆံရေးပညာရှင်များ ရှိရန်ဖြစ်စေ လိုအပ်လာပါသည်။
ကျွန်ုပ်သည် ဆက်ဆံရေးဆိုင်ရာ အတိုင်ပင်ခံ ကုမ္ပဏီတစ်ခု၏ CEO တစ်ဦးအနေဖြင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုအပေါ် အထူးအာရုံစိုက်မည့် အဖွဲ့တစ်ခု ခန့်ထားလိုပါသည်။ ၎င်းတို့သည် အနာဂတ်၏ ဆက်ဆံရေးဆိုင်ရာ လှုံ့ဆော်ပွဲများ မည်သို့ပုံစံရှိမည်ဟု အမြဲမှန်းဆနေပြီး ကျွန်ုပ်တို့ လုပ်ငန်းနယ်ပယ်တစ်ခုလုံး၏ ဦးတည်ရာကို ခန့်မှန်းပြီး တောင်းဆိုမှုများအလိုက် ကျွန်ုပ်တို့ ဝန်ဆောင်မှုများကို ပုံသွင်းနိုင်သည်အထိ လုပ်ဆောင်နိုင်စေလိုပါသည်။ AI ကြောင့် အချိန်အများအပြား ပိုထွက်လာမည် ဖြစ်သောကြောင့် ကျွန်ုပ်သည် ကျွန်ုပ်တို့ လုပ်ငန်းတစ်ခုလုံး အတွေးအကြံ၊ ဒီဇိုင်းထုတ်စဉ်းစားမှုနှင့် အစီအစဉ်ချမှတ်မှု စွမ်းရည်များထံသို့ ပိုမိုသိသာစွာ ရွေ့လျားသွားမည်ဟု မျှော်မှန်းထားပါသည်။

လူများကို အစားထိုး၍ မရနိုင်သေးပါ
နည်းပညာသည် ကျွန်ုပ်တို့ကို လွှမ်းမိုးသွားပြီး ကျွန်ုပ်တို့နေရာတွင် အစားထိုးသွားမည်ဟု စိတ်ပူပန်များ ရှိနေပါသည်။ သို့သော်လည်း AI အကြောင်း ပိုမိုသိလာသည်နှင့်အမျှ လူသားပါဝင်မှုမှာ မရှိမဖြစ် လိုအပ်သည်ကို သိလာမည်ဖြစ်သည်။ နည်းပညာသည် အမြဲဆိုသလို လွှမ်းမိုးနိုင်သော အင်အားတစ်ခု ဖြစ်သော်လည်း လူသားများသည် အမြဲတမ်း ဗဟိုတွင် နေနိုင်ရန် နည်းလမ်းရှာတွေ့ခဲ့ကြပါသည်။ ၎င်းမှာ ဖန်တီးခံပစ္စည်းနှင့် ဖန်တီးသူအကြား ကွာခြားချက်ပင် ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော အောင်မြင်စွာ ဆက်သွယ်နိုင်ရန်အတွက် ပိုမိုအရေးကြီးသော မဏ္ဍိုင်သုံးခု ထပ်မံရှိနေပါသည်။ ၎င်းတို့မှာ အများလက်ခံကိုးစားမှု၊ ယုံကြည်မှုနှင့် ဆက်နွယ်မှုများ ဖြစ်ကြသည်။
ကျွန်ုပ်တို့သည် ဆက်ဆံရေး ပညာရှင်များအနေဖြင့် အကြီးတန်းအဆင့် အမြင့်ဆုံး အနေအထားတွင် လုပ်ငန်းအပ်နှံသူများနှင့် ဆက်နွယ်မှုများကို တည်ဆောက်ရမည်ဖြစ်သည့်အတွက် လူသားပါဝင်မှု မဖြစ်မနေ လိုအပ်မည်ဖြစ်သည်။ AI အကြီးအကျယ် တိုးတက်မှုများ ဖြစ်နေစေကာမူ ကျွန်ုပ်တို့သည် ကြိုတင်ခန့်မှန်း၊ တုန့်ပြန်ပြီး ကျိုးကြောင်းဆင်ခြင် စဉ်းစားနိုင်စွမ်းရှိရန်နှင့် ယဉ်ကျေးမှုဆိုင်ရာ သိမ်မွေ့သော အပြောင်းအလဲများနှင့် တစ်ကိုယ်ခြင်း အပြန်အလှန် တုန့်ပြန်မှုများကို နားလည်သဘောပေါက်ရန် မဖြစ်မနေ အရေးကြီးလာပြီး ထိုစွမ်းရည်များကို စက်ရုပ်များမှ အလွယ်တကူ ကူးယူနိုင်မည် မဟုတ်ပါ။
အမှန်အတိုင်းပြောရမည်ဆိုလျှင် AI သည် သင့်အနေဖြင့် သုံးစွဲသူတစ်ဦးအနေဖြင့် ပြုမူဆောင်ရွက်ပုံ အားလုံးကို ပြောင်းလဲနေပြီ ဖြစ်ပါသည်။ ၎င်းသည် သတင်းများကို သင်ရယူဖတ်ရှုပုံ၊ ဂီတခံစားပုံနှင့် သွားလာသည့် ပုံစံများကို ပြောင်းလဲနိုင်ပါသည်။ လက်တွေ့တွင် AI အသုံးပြုခြင်းမှာ အခြားကဏ္ဍများကဲ့သို့ အဆင့်မြင့်မားမှု မရှိသေးသော်လည်း နည်းပညာ တိုးတက်မှု ရပ်တန့်သွားမည်မဟုတ်ဘဲ ဆက်ဆံရေး ပညာရှင်များအနေဖြင့် ပြောင်းလဲနေသည့် အနေအထားများအလိုက် ပြောင်းလဲနိုင်သည်အထိ လျှင်မြန်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သိမြင်နားလည်မှု ပြောင်းလွယ်ပြင်လွယ်ရှိခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် အလျှင်အမြန် ပြောင်းလဲနေသော လုပ်ငန်းအနေအထားများတွင် လမ်းကြောင်းရှာနိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ အသိပညာတို့ အပါအဝင် စွမ်းရည်များကို မြှင့်တင်ရန်လိုအပ်ပြီး သို့မဟုတ်ပါက အနှောင့်အယှက် ခံရနိုင်ခြေ ပိုများလာမည် ဖြစ်ပါသည်။