Singapore FinTech Festival 2017
ကမ္ဘာ့အကြီးဆုံးသော FinTech ပွဲတော်ကြီးမှ Klareco Communications ၏ ရှုထောင့်အမြင်များ
စင်္ကာပူ၊ နိုဝင်ဘာ ၂၄ ရက်၊ ၂၀၁၇ – အများတောင်းဆိုမှုအရ ပြီးခဲ့သည့်အပတ်က ကျင်းပခဲ့သော Singapore FinTech Festival သို့ လူပေါင်း ၂၅၀၀၀ ခန့် တက်ရောက်ခဲ့ပြီး ယမန်နှစ် တက်ရောက်သူ အရေအတွက်ထက် ၂ ဆကျော် ပိုမိုတက်ရောက်ခဲ့သည်ကို တွေ့ရပါသည်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်များသည် ကျွန်ုပ်တို့၏ နိုင်ငံလေးအတွင်း လာရောက်စုဝေးပြီး FinTech လောကနှင့်သက်ဆိုင်မွေ့လျော်သော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးချက်များတွင် ငွေကြေးပိုင်းအရ အများပါဝင်နိုင်မှုမှသည် Artificial Intelligence ကို ကျော်လွန်၍ Blockchain၊ ငွေပေးချေမှုနှင့် Big Data အထိ အကြောင်းအရာ အမျိုးမျိုး ပါဝင်ခဲ့ပါသည်။
ထိုစိတ်ပါဝင်စားဖွယ်ရာများမှ အထင်ရှားဆုံး သော့ချက်အကြောင်းအရာသုံးခုမှာ Cryptocurrency များ၊ ဆိုင်ဘာလုံခြုံရေးနှင့် ဆက်ဆံရေး တို့ ဖြစ်ကြပါသည်။

Cryptocurrency များ
Cryptocurrency များနှင့် ကနဦး ငွေကြေးရောင်းချမှု (ICO) များနှင့် ပတ်သက်၍ ဆွေးနွေးချက်များမှာ အထူးသိမှတ်ဖွယ် ဖြစ်ပါသည်။ ထိုပွဲမှ အဓိက ပြောကြားသူတစ်ဦးဖြစ်သော MIT Media Labs ၏ ဒါရိုက်တာ Joi Ito မှ Cryptocurrency ဆိုသည်မှာ အခြေခံအားဖြင့် ငွေကြေးတန်ဖိုးပြောင်းလဲသည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု ရှင်းပြပေးခဲ့ပြီး ခန့်မှန်းသူများမှ ငွေတန်ဖိုးဖောင်းပွစေခြင်းကို အထူးသတိပြုရန် သတိပေးခဲ့ပါသည်။ အခြား ဆွေးနွေးမှုများမှ ပြောကြားသူများမှ တင်ပြခဲ့သလိုပင် ငွေကြေးတို့၏ အခြေခံတန်ဖိုးမှာ ယုံကြည်မှုအပေါ် အခြေခံသည့်အတွက် Cryptocurrency များသည် ၎င်းတို့၏ ဈေးနှုန်းအတက်အကျ မြန်ဆန်မှုကြောင့် ၎င်းတို့ကို အများသုံးပစ္စည်းများအဖြစ် ရှုမြင်သုံးသပ်သင့်သည်ဟု သိရှိရပါသည်။
Monetary Authority of Singapore ၏ မန်နေးဂျင်းဒါရိုက်တာ Ravi Menon မှ စည်းကြပ်သူများအနေဖြင့် စည်းကမ်းနှင့် ဆန်းသစ်တီထွင်မှုအကြား မှန်ကန်သော ဟန်ချက်တစ်ခုကို ထိန်းညှိနိုင်ရန် လိုအပ်သည်ဟု ဆိုပါသည်။ ၎င်းမှ Virtual ငွေကြေးများကို နမူနာအဖြစ် အသုံးပြု၍ MAS သည် ထို Virtual ငွေကြေးတို့ကို စည်းကြပ်ခြင်းမရှိကြောင်း တင်ပြခဲ့ပါသည်။ အမှန်ဆိုရလျှင် စည်းကြပ်သူများမှ ၎င်းတို့ကို ငွေကြေးလွှဲပြောင်းမှု၏ ကုန်ကျစရိတ်အား လျော့ချနိုင်စွမ်းရှိသည့် ဆန်းသစ်တီထွင်မှုတစ်ခုအဖြစ် လက်ကမ်းကြိုဆိုခဲ့ပါသည်။ သို့သော်လည်း ၎င်းမှပင် အဆိုပါ Virtual ငွေကြေးများနှင့် ပတ်သတ်နေသော လှုပ်ရှားမှုများနှင့် ပတ်သက်၍မူ ငွေကြေးခဝါချခြင်းနှင့် အကြမ်းဖက်သူများသို့ ငွေကြေးထောက်ပံ့ခြင်း ကဲ့သို့သော အန္တရာယ်များ ရှိလာနိုင်လျှင်မူ ထိုလှုပ်ရှားမှုများကို စည်းကြပ်လေ့ရှိသည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းများ၊ ပညာရှင်များနှင့် အစိုးရများမှ Cryptocurrency များအပေါ် အမြင်အား ထိရောက်စွာ သုံးသပ်နိုင်ခဲ့ပါသည်။ ထိုအမြင်ဆိုရာတွင် ၎င်းတို့၏ အလားအလာကို အဆိုးဘက်မဟုတ်ဘဲ အကောင်းဘက်သို့ မည်သို့ အသုံးပြုနိုင်သည်ဟူသော အမြင်ပင် ဖြစ်ပါသည်။

ဆိုင်ဘာလုံခြုံရေး
လက်တလော ဆိုင်ဘာလုံခြုံမှု ကျိုးပေါက်မှုများကြောင့် စကားပြေmကြားသူများနှင့် တက်ရောက်သူများအကြားတွင် ဆိုင်ဘာလုံခြုံုရေးမှာ အခြား အဓိကအချက်တစ်ခု ဖြစ်နေပါသည်။ စင်္ကာပူမှာ ဒစ်ဂျစ်တယ် စီးပွားရေးဖြင့် အင်အားပြုထားသော Smart Nation တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းသည်နှင့်အမျှ ဆိုင်ဘာလုံခြုံရေးနှင့် အန္တရယ်ရှိဆုံးရှုံးမှှု စီမံခန့်ခွဲရေးတို့သည် အလိုအလျောက် အရေးပါသောကဏ္ဍများမှ ပါဝင်လာကြမည် ဖြစ်ပါသည်။ အသုံးပြုသူများမှ အားကိုးနိုင်မှုနှင့် ၎င်းတို့အား ထိုစနစ်မှ ငွေကြေးဆုံးရှုံးမှုများမှ ကာကွယ်ပေးမည်ဟု ယုံကြည်မှုတို့သည် E-wallet များနှင့် ငွေသားမဲ့ Peer-to-Peer (ကာယကံရှင် တစ်ဦးချင်းစီအကြား/ကြားခံအဖွဲ့အစည်းမပါဘဲ) ငွေကြေးလွှဲပြောင်းမှုတို့ ကဲ့သို့သော ဒစ်ဂျစ်တယ် ငွေပေးချေမှုများကို လက်ခံအသုံးပြုရန် အားပေးရာတွင် အရေးပါသော အချက်တစ်ခု ဖြစ်ပါသည်။
MAS မှ ထုတ်ဖော်ပြသခဲ့သော စမတ်ကျသည့် ဘဏ္ဍာရေးစင်တာအတွက် နည်းဗျူဟာ ခြောက်ခုအနက်မှ တစ်ခုမှာ ဘေးကင်းလုံခြုံသော ဆိုင်ဘာပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်း ဖြစ်ပါသည်။ ဆွေးနွေးမှု အများစုအရ အများလက်ခံသည့် အချက်မှာ ယခုဒစ်ဂျစ်တယ်ခေတ်တွင် ဆိုင်ဘာတိုက်ခိုက်မှု ဖြစ်မဖြစ် စဉ်းစားရမည်မဟုတ်ဘဲ မည်သည့်အချိန်တွင် ဖြစ်လာမည်နည်းဟု စဉ်းစားရမည်ဖြစ်၍ ကြိုတင် သိရှိနိုင်ရန်နှင့် ဖြေရှင်းနည်းများမှာ မရှိမဖြစ် အရေးကြီးသည်ဟု ထောက်ပြထားကြပါသည်။

ဆက်ဆံရေးများ
ဆွေးနွေးမှု အားလုံးတွင် ပါဝင်နေသည့်အချက်မှာ FinTech ဆန်းသစ်တီထွင်မှုများမှ ဘဝအခြေအနေများကို မည်သို့ လမ်းဖွင့်အသွင်ပြောင်းပေးနေကြောင်း ဆက်သွယ်အသိပေးရန် လိုအပ်ချက်ပင် ဖြစ်ပါသည်။ Klareco Communications သည် FinTech ကုမ္ပဏီသစ်များအတွက် အမှတ်တံဆိပ် တစ်ခုအပေါ် အထူးသဖြင့် ခက်ခဲသော အခြေအနေဖြစ်သည့် အခြေအနေတို့တွင် ယုံကြည်မှု မည်သိုတည်ဆောက်ရမည်နှင့် ပတ်သက်ပြီး အလုပ်ရုံစည်းဝေးပွဲတစ်ခု ကျင်းပခဲ့ပါသည်။ ကျွန်ုပ်တို့၏ စင်္ကာပူနိုင်ငံတွင်း မန်နေးဂျင်းဒါရိုက်တာ Mark Worthington မှ ၎င်းဗီဒီယို၏ ကိစ္စရပ်နှင့် ပတ်သက်၍ သူ၏ရှုထောင့်အမြင်ကို ရှင်းပြပေးခဲ့ပါသည်