၁၅ ရက်၊ ဇန်နဝါရီ၊ ၂၀၁၈၊ စင်္ကာပူ – အာရှမှ ဆုများရှင် နည်းဗျူဟာဆန်ဆန် ဆက်ဆံရေးဆိုင်ရာ အတိုင်ပင်ခံအဖွဲ့တစ်ခုဖြစ်သည့် Klareco Communications သည် Global Communication Partners (GCP) အဖွဲ့သို့ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ပါသည်။ Global Communications Partners သည် ထိပ်တန်း တစ်သီးပုဂ္ဂလ လူထုရေးရာ အတိုင်ပင်ခံအဖွဲ့များကို အတူပေါင်းစည်းထားသည့် ဘဏ္ဍာရေးနှင့် အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးအထူးပြု ကွန်ရက်တစ်ခု ဖြစ်ပါသည်။
အဆိုပါကွန်ရက်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် Klareco Communications ၏ နိုင်ငံတကာသို့ လက်လှမ်းနိုင်စွမ်းမှာ နိုင်ငံ ၂၀ ကျော်အထိ တိုးပွားလာခဲ့ပြီး လန်ဒန်၊ နယူယောက်နှင့် ဖရန့်ဖက်တို့ အပါအဝင် ကမ္ဘာ့ထိပ်တန်း ဘဏ္ဍာရေး ဈေးကွက်များမှ လုပ်ငန်းတွင်း အကောင်းဆုံးသော ပြည်သူ့ဆက်ဆံရေး အတိုင်ပင်ခံအဖွဲ့များနှင့် အတူတွဲ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ GCP သို့ အဖွဲ့ဝင်ခြင်းဖြင့် Klareco သည် အာရှမှကျော်လွန်ပြီး နိုင်ငံတကာသို့ ရောက်ရှိနိုင်စွမ်း ပိုမိုမြင့်မားလာမည်ဖြစ်ပြီး ကမ္ဘ့ာတစ်လွှား နိုင်ငံ ၂၀ ကျော်မှ နိုင်ငံတကာအဆင့် လိုအပ်ချက်များရှိသည့် လုပ်ငန်းအပ်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။
Global Communication Partners သည် ကျွန်ုပ်တို့နှင့် အလားတူပင် လုပ်ငန်းအပ်နှံသူများအတွက် အရည်အသွေး အမြင့်ဆုံး ဝန်ဆောင်မှုများဖြင့် ပံ့ပိုးပေးနိုင်ရန်ဟူသော သဘောမူဝါဒကို မျှဝေထားခြင်းနှင့်အတူ ယခုကဲ့သို့ ထင်ရှားသော ဈေးကွက်ဦးဆောင် ဆက်ဆံရေးအဖွဲ့အစည်း ကွန်ရက်ကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်ရသည့်အတွက် အလွန်ဂုဏ်ယူရပါသည် ဟု Klareco Communications ၏ CEO ဖြစ်သူ Ang Shih-Huei မှ ဆိုပါသည်။
Klareco Communications ၏ မန်နေးဂျင်းဒါရိုက်တာ Mark Worthington မှ “GCP သည် ကျွန်ုပ်တို့၏ ရှိရင်းစွဲ မိတ်ဖက်ဆက်နွယ်မှုများကို ပိုမိုအားကောင်းစေမည်ဖြစ်ပြီး ကျွန်ုပ်တို့ကို client များနှင့် ပိုမိုနက်ရှိုင်းစွာ ဆွေးနွေးစေနိုင်၍ နောက်ထပ် ဈေးကွက်များတွင် ဆက်ဆံရေးအသစ်များကို ရှာဖွေစေနိုင်မည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် GCP အဖွဲ့ဝင်များနှင့် လုပ်ငန်းဆိုင်ရာ ဆွေးနွေးမှုအသစ်များ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ရှေ့လျှောက် စိတ်လှုပ်ရှားဖွယ်ရာ မိတ်ဖက်ဆက်နွယ်မှု အသစ်များကို စောင့်မျှော်လျက် ရှိပါသည်” ဟု ဆိုပါသည်။
Global Communication Partners ၏ ဥက္ကဋ္ဌဖြစ်သူ Shirley Collyer မှ “GCP ကို ၎င်း၏အဖွဲ့ဝင်များအား လက်တွေ့အသိပညာများဖြင့် ပြည့်စုံသော ဈေးကွက်အတွင်း အကောင်းဆုံး တစ်သီးပုဂ္ဂလ ကျွမ်းကျင်သူများ ပါဝင်သော အပြည်ပြည်ဆိုင်ရာ ကွန်ရက်တစ်ခုဖြင့် ပံ့ပိုးပေးရန် ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အာရှတွင် Klareco Communications ကို အဖွဲ့ဝင်အဖြစ် ခေါ်ယူနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းမြောက်ရပါသည်” ဟု ဆိုပါသည်။
GCP ၏ လက်ရှိအဖွဲ့ဝင်များမှာ Client များအတွက် ၎င်းတို့၏ သတင်းစကားကို ဘဏ္ဍာရေးနှင့် အဖွဲ့အစည်း ဆုံးဖြတ်ချက် ချမှတ်သူများထံသို့ အောင်မြင်စွာ အသိပေးဆက်သွယ်နိုင်ရန်အတွက် လိုအပ်သည့် အထူးပြု အရည်အချင်းများဖြင့် ပြည့်စုံသည့် ဈေးကွက်ထိပ်တန်း တစ်သီးပုဂ္ဂလ အဖွဲ့များ ပါဝင်သော ကွန်ရက်တစ်ခု ဖြစ်ပါသည်။
Klareco Communications အကြောင်း
Klareco Communications သည် အာရှတစ်ခွင်၌ ရုံးများ အလျှင်အမြန် တိုးချဲ့နေသည့် နည်းဗျူဟာကျ ဆက်ဆံရေးဆိုင်ရာ အတိုင်ပင်ခံအဖွဲ့တစ်ဖွဲ့ ဖြစ်ပါသည်။ Klareco သည် နိုင်ငံတွင်း အတိုင်ပင်ခံအဖွဲ့များအတွင်း စင်္ကာပူမှ ကုမ္ပဏီများအပြင် နိုင်ငံအမျိုးမျိုး၌ လုပ်ဆောင်နေသော ကုမ္ပဏီ အများအပြားအတွက် ယုံကြည်ရသော အကြံပေးအဖွဲ့တစ်ခု ဖြစ်ပါသည်။ ၎င်း၏ လုပ်ငန်းနယ်ပယ်အတွင်း အကောင်းဆုံးသော ပြည်သူ့ဆက်ဆံရေး ဝန်ဆောင်မှုများသည် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တစ်ဦးစီအတွက် အကောင်းဆုံး အကြံပြုချက်များဖြင့် ပံ့ပိုးပေးလျက်ရှိသည်။ ကျွန်ုပ်တို့သည် ရှုပ်ထွေးသော ဆက်ဆံရေး အခြေအနေများအား ရှင်းလင်းပေးခြင်းနှင့် လုပ်ငန်းအပ်နှံသူများအတွက် ကိုက်ညီမှုအမြင့်ဆုံး ဆက်ဆံရေးနည်းလမ်းများဖြင့် ပံ့ပိုးပေးခြင်းများ လုပ်ဆောင်နိုင်ရန် အားထုတ်လုပ်ဆောင်လျက် ရှိပါသည်။ Klareco သည် အာရှတစ်ခွင်တွင် ရုံးခန်းများ တိုးချဲ့ဖွင့်လှစ်နေပြီး လုပ်ငန်းများကို အမေရိက၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းတို့အထိ နိုင်ငံတကာသို့ ဖြန့်ကျက်နိုင်စွမ်း ရှိပါသည်။ နိုင်ငံတွင်းရှိကွန်ရက်သည် ဒေသတွင်း အတွေ့အကြုံနှင့် နိုင်ငံတကာ အမြင်တို့နှင့် ပူးပေါင်း၍ အကြံပေးချက်များဖြင့် ပံ့ပိုးပေးလျက်ရှိပါသည်။ Klareco သည် ထိရောက်မှု အမြင့်ဆုံးသော ဆက်ဆံရေးနည်းလမ်းများသည် အစိုးရနှင့် NGO များ၊ စီးပွားရေးလုပ်ငန်းများ၊ မီဒီယာနှင့် လူထုတို့အပါအဝင် အရေးပါသူ အမျိုးမျိုးထံသို့ ရောက်ရှိနိုင်သည်ဟု ယုံကြည်ထားပါသည်။ ၎င်း၏ ပေါင်းစပ်ဆက်ဆံရေး ချဉ်းကပ်နည်းသည် အဖွဲ့အစည်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံရေးများအပြင် လူထုရေးရာ၊ ခက်ခဲသော အခြေအနေနှင့် ဒစ်ဂျစ်တယ် ဆက်ဆံရေးဆိုင်ရာ နယ်ပယ်များအထိ ၎င်း၏အထူးကျွမ်းကျင်မှုတို့ကို ပေါင်းစပ်ပေးနိုင်ပါသည်။
Global Coummnications Partners အကြောင်း
Global Communications Partners သည် ကမ္ဘာ့ပေါ်မှ ဘဏ္ဍာရေးဆိုင်ရာ ဈေးကွက်ကြီးများမှ ထိပ်တန်း တစ်သီးပုဂ္ဂလ လူထုရေးရာ အတိုင်ပင်ခံအဖွဲ့များကို အတူပေါင်းစည်းထားသည့် ဘဏ္ဍာရေးနှင့် အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးအထူးပြု ကွန်ရက်တစ်ခု ဖြစ်ပါသည်။
ဤကွန်ရက်ကို ဖော်ပြပါ အေဂျင်စီများဖြင့် ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည် – Honner (သြစတြေးလျ)၊ Interel (ဘရာဇီး)၊ Cunha Vaz Brazil (ဘရာဇီး)၊ Argyle Public Relations (ကနေဒါ)၊ Shan (ပြင်သစ်)၊ Charles Barker (ဂျာမနီ)၊ Adfactors (အိန္ဒိယ)၊ Twister Communications Group (အီတလီ)၊ Access Communications & Consulting (ကိုရီးယား)၊ Cunha Vaz Portugal (ပေါ်တူဂီ)၊ Klareco Communications (စင်္ကာပူ၊ ဟောင်ကောင်၊ ကွာလာလမ်ပူနှင့် ရန်ကုန်)၊ Grupo Albion (စပိန်)၊ Farner (ဆွစ်ဇာလန်)၊ Borouj Consulting (UAE)၊ Intermarket Communications (အမေရိကန် ပြည်ထောင်စု)၊ Lansons (United Kingdom) တို့ ပါဝင်ပါသည်။
၁၉၉၅ ခုနှစ်မှ စတင်ပြီး ယခင် Global Financial Communication Network ဟု ခေါ်ဆိုခဲ့သော ယခု Global Communication Partners သည် client များအတွက် ၎င်းတို့၏ သတင်းစကားကို ဘဏ္ဍာရေးနှင့် အဖွဲ့အစည်း ဆုံးဖြတ်ချက် ချမှတ်သူများထံသို့ အောင်မြင်စွာ အသိပေးဆက်သွယ်နိုင်ရန်အတွက် လိုအပ်သည့် အထူးပြု အရည်အချင်းများဖြင့် ပြည့်စုံသည့် ဈေးကွက်ထိပ်တန်း တစ်သီးပုဂ္ဂလ အဖွဲ့များ ပါဝင်သော ကွန်ရက်တစ်ခုနှင့် ဆက်သွယ်ပေးလျက် ရှိပါသည်။ GCP ကွန်ရက်ကို အဖွဲ့ဝင်များမှသာ အသုံးပြုနိုင်မည် ဖြစ်ပြီး အဖွဲ့ဝင်များကိုလည်း ဖိတ်ခေါ်စနစ်ဖြင့်သာ လက်ခံသွားမည် ဖြစ်ပါသည်။