Money 20/20 Asia
Klareco Communications မှ World's Leading FinTech and Payments Event (ကမ္ဘာ့ထိပ်တန်း ဘဏ္ဍာရေးနည်းပညာနှင့် ငွေပေးချေမှုများဆိုင်ရာ တွေ့ဆုံပွဲ) မှ ရှုထောင့်အမြင်များ
ကမ္ဘာ့ထိပ်တန်း FinTech နှင့် ငွေပေးချေမှုဆိုင်ရာ တွေ့ဆုံပွဲကြီးဖြစ်သော Money 20/20 ကို အာရှတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ပါသည်။ ပြီးခဲ့သည့်အပတ်အတွင်း ကမ္ဘ့ာတစ်လွှားမှ လုပ်ငန်းတွင်း ထိပ်သီးပုဂ္ဂိုလ် ၁၅၀၀၀ ကျော် တက်ရောက်ခဲ့သည့် ဤသုံးရက်ကြာပွဲကြီးတွင် Klareco မှ လုပ်ငန်းအပ်နှံသူ အများအပြား တက်ရောက်ခဲ့ကြပြီး FinTech ကုမ္ပဏီများအတွက် PR နှင့် ဈေးကွက်ချဲ့ထွင်ခြင်းတို့၏ စွမ်းအားကို အသုံးပြုခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ ဆွေးနွေးမှုဆက်ရှင်တစ်ခုလည်း ပါဝင်ခဲ့ပါသည်။
ထိုပွဲမှ ပြိုင်ပွဲတစ်ခုတွင် လုပ်ငန်းသစ်များမှ ၎င်းတို့၏ လုပ်ငန်းအစီအစဉ်နှင့် ပတ်သက်၍ တင်ပြရာတွင် လမ်းညွှန်မှုပေးရန်အတွက် Klareco ၏ မန်နေးဂျင်းဒါရိုက်တာ Mark Worthington မှလည်း ဆွေးနွေးမှုတွင် ပါဝင်ခဲ့ပါသည်။
ထိုပွဲတွင် Cryptocurrency၊ Blockchain နည်းပညာနှင့် ပြောင်းလဲနေသော ငွေပေးချေမှု လုပ်ငန်းအနေအထားတို့အကြောင်း ဆွေးနွေးမှုများမှ လွှမ်းမိုးခဲ့သည်ကို တွေ့ရပါသည်။ အချို့သော သော့ချက်ကျသည့် ဆွေးနွေးမှုအချို့ကို အောက်တွင်ဖော်ပြထားပါသည် –

ဆက်လက်တိုးတက်နေသည့် FinTech
FinTech ဆိုသည်မှာ ဘဏ်များနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများအတွက် သီးသန့်နယ်ပယ်တစ်ခုသာ မဟုတ်တော့ပါ။ ပါဝင်တက်ရောက်သည့် စပွန်ဆာများ၊ ပြေကြားသူများနှင့် ကိုယ်စားလှယ်များ၏ ပြေကြားချက်များအရ Google နှင့် ကားငှားပေးသော အက်ပ်များဖြစ်သည့် Grab တို့မှာ ဒစ်ဂျစ်တယ်ငွေပေးချေမှု ကုမ္ပဏီများ ဖြစ်လာရုံသာမက AirAsia ကဲ့သို့သော လေကြောင်းလိုင်းများမှပင် Blockchain ကဲ့သို့သော FinTech ဆန်းသစ်တီထွင်မှုများကို ဆက်လက်စူးစမ်း ထည့်သွင်းစဉ်းစားလာကြသည်ကို ရှင်းလင်းစွာ မြင်နိုင်ပါသည်။ AirAsia ၏ အလုပ်အမှုဆောင် အရာရှိအကြီးအကဲ Tony Fernandes သည် Money 20/20 တွင် အဓိကပြောကြားသူများမှ တစ်ဦးအပါအဝင်ဖြစ်ပြီး FinTech နယ်ပယ်တွင်းသို့ မိမိတို့ကုမ္ပဏီသည် ကိုယ်ပိုင်ငွေသားမဲ့ ငွေပေးချေမှုစနစ် BigPay ကို အသုံးပြု၍ ဝင်ရောက်မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။ ၎င်းသည် ငွေပြန်ပို့သည့် ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန်နှင့် စွန့်ဦးတီထွင်သူများအား ငွေချေးငှားသည့် ဈေးကွက်အတွင်းသို့လည်း ဝင်ရောက်ရန် ဦးတည်ထားကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ရန်ပုံငွေစုဆောင်းရန်အတွက် ကနဦး ကွိုင်များရောင်းချ၍ ၎င်း၏ လေကြောင်းလိုင်းကိုယ်ပိုင် Cryptocurrency ကို မိတ်ဆက်ပေးရန်လည်း စဉ်းစားနေသည်ဟု ဆိုခဲ့ပါသည်။
လုပ်ငန်းနယ်ပယ်တွင်း၌ Blockchain၊ အွန်လိုင်းငွေကြေး သို့ အင်တာနက်ပေါ် အခြေခံသော ငွေကြေး (Cryptocurrency) များနှင့် ICO များအပေါ် အာရုံစိုက်မှုနှင့်အတူ Monetary Authority of Singapore (စင်္ကာပူ ငွေကြေးကိစ္စတာဝန်ခံအဖွဲ့) ၏ မန်နေးဂျင်းဒါရိုက်တာ Ravi Menon မှ ၎င်း၏အပိတ်ပြောကြားချက်တွင် အွန်လိုင်းငွေကြေးတိုကင်များနှင့် ပတ်သက်ပြီး အလေးပေး ပြောကြားခဲ့ပါသည်။ ထိုတိုကင်များအား အသုံးပြုလာနိုင်သည့် ပုံစံများအကြောင်း – ပုံစံများမှ တစ်ခုမှာ နယ်ခြားဖြတ်ကျော် ငွေပေးချမှုများဖြစ်သည် – ၎င်းတို့၏ ချို့ယွင်းချက်များနှင့် အန္တရာယ်များနှင့် ဗဟိုဘဏ်များနှင့် စည်းကြပ်သူများအနေဖြင့် ထိုနည်းပညာ၏ အန္တရာယ်တို့ကို ထိန်းချုပ်ပြီး အကျိုးအမြတ်တို့ကို အသုံးချနိုင်ရန် စိန်ခေါ်မှုတို့အကြောင်း ပြောကြားခဲ့ပါသည်။
သူပြောကြားခဲ့သမျှမှ အမှတ်ရဖွယ်ရာ အချက်တစ်ခုမှာ “အောင်မြင်ခြင်း ရှိမရှိကိုတော့ ပြည်သူ့ဘက်က ယုံကြည်မှုနှင့် လက်ခံမှုတွေကြည့်ပြီး သိနိုင်မှာဖြစ်ပါတယ် … လူများအနေနဲ့ ငွေကြေးတိုကက်ရဲ့ တန်ဖိုးကို ကာကွယ်ပေးဖို့ အားထုတ်သွားမယ့် ဘဏ်တွေလိုမျိုး ယုံကြည်ရတဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့မထားတဲ့ ငွေကြေး (Money) အပေါ် ယုံကြည်မှု ရှိမလားဆိုတာပါပဲ” ဟု ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အယ်လ်ဂိုရစ်သမ်က ဗဟိုအာဏာပိုင်လို တန်ဖိုးများကို ထိန်းသိမ်းနိုင်လျှင် ထိုအနာဂတ် အနေအထားကို သွားရောက်လာနိုင်ပါသည်ဟု ဆိုပါသည်။
Ravi Menon မှ ဒုတိယမျိုးဆက် များသည် အွန်လိုင်းငွေကြေးတိုကင် ဈေးနှုန်းတည်ငြိမ်မှုကဲ့သို့သော အားနည်းချက်များကို ဖြေရှင်းရန်အတွက် ပေါ်ထွက်လာခြင်းဖြစ်ကြောင်းနှင့် Crypto နယ်ပယ်မှ ဖန်တီးသူများနှင့် ပရိုဂရမ်မာများ အားလုံးသည် ပင်မအဖွဲ့အစည်းများကို ဆန့်ကျင်သူမဟုတ်ကြောင်း ရှင်းပြခဲ့ပါသည်။ စည်းကြပ်သူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် ၎င်းတို့နှင့် ဦးတည်ချက် တူညီခြင်းတို့ကို PayPal နှင့် Ripple ကဲ့သို့သော ကုမ္ပဏီများမှလည်း လက်ခံထားကြပါသည်။

နည်းပညာအပေါ် ယုံကြည်မှုတိုးပွားစေခြင်းနှင့် သုံးစွဲသူတို့၏ လိုအပ်ချက်များကို ဖြေရှင်းပေးခြင်း
နည်းပညာ သို့မဟုတ် စနစ်တစ်ခုအပေါ် ယုံကြည်မှုသည် ထိုနည်းပညာအား လက်တွေ့အသုံးချနိုင်ခြင်းနှင့် ထိုနည်းပညာ အောင်မြင်ခြင်းရှိမရှိကို အမြဲထိန်းချုပ်လေ့ရှိပါသည်။ လုပ်ငန်းအပ်နှံသူများနှင့် သုံးစွဲသူများအကြား ယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက် ထိုနည်းပညာ သို့မဟုတ် စနစ်အပေါ် ယုံကြည်ကိုးစားကြောင်းကို အသိပေးခြင်းနှင့် သရုပ်ပြခြင်းသည် လုပ်ငန်းအရှိန်ရရန်နှင့် လုပ်ငန်းတိုးတက်ကြီးထွားရန် ရည်ရွယ်ထားသည့် FinTech ကုမ္ပဏီ သို့မဟုတ် ဆန်းသစ်တီထွင်မှုများအတွက် မရှိမဖြစ် အရေးကြီးလာပြီးဖြစ်ပါသည်။
အခြား မှတ်သားရမည့် အချက်တစ်ခုမှာ ဆန်းသစ်တီထွင်မှုသည် သုံးစွဲသူတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီရမည်ဟူသော အချက်ဖြစ်ပါသည်။ ဘဏ်များမှ ဆန်းသစ်တီထွင်သူ အကြီးအကဲများသည် သုံးစွဲသူများကို ဝန်ဆောင်မှုပေးရန် စဉ်းစားရင်း အဖွဲ့အစည်း၏ စိတ်အခြေခံကို ပြောင်းလဲသည့်အကြောင်း ပြောကြားခဲ့ကြပါသည်။ တစ်ဖက်သို့သာ ဦးတည်နေသော တည်ဆောက်ပုံများနှင့် စိတ်အခြေခံများအား ရင်ဆိုင်ဖြေရှင်းခြင်းသည် နည်းပညာထက် ကျော်လွန်သော ကိစ္စရပ်တစ်ခု ဖြစ်နေပါသည်။
Mark သည် သူပြောကြားချိန်အတွင်း သုံးစွဲသူများအတွက် အဆင်မပြေသည့် အချက်များကို နည်းပညာမှ မည်သို့ဖြေရှင်းနိုင်ကြောင်းနှင့် ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း ထိရောက်စွာ အသိပေးခြင်းအကြောင်းကို ဆွေးနွေးခဲ့ပါသည်။ ထိုသို့ အသိပေးခြင်း ဆိုရာတွင် ထိရောက်မှုကို သရုပ်ပြခြင်း၊ အောင်မြင်မှုများကို ခိုင်မာစေခြင်းနှင့် သင့်ဖြေရှင်းနည်းများကြောင့် မည်သို့ပြောင်းလဲပေးနိုင်ကြောင်း လေ့လာချက်များကို ပြသခြင်းတို့ ပါဝင်လာပါသည်။