ဖြစ်ရပ်လေ့လာမှု – အမှတ်တံဆိပ်အား လူသိများခြင်းနှင့် လက်လီနယ်ပယ်တွင် ဂုဏ်သတင်းမြှင့်တင်ခြင်း
ကျွန်ုပ်တို့၏ eCommerce နှင့် လက်လီရောင်းဝယ်သူတို့၏ ပုံရိပ်များအား မြှင့်တင်ရန်အတွက် Klareco သည် အာရှမှ ဈေးကွက်ဦးဆောင် eCommerce လုပ်ငန်းများနှင့် ထိရောက်မှုအရှိဆုံး ဈေးကွက်ထိုးဖောက်သူများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ အကြံပေးလုပ်ငန်းများမှာ ကားအရောင်းအဝယ်၊ ဖက်ရှင်နှင့် ဟိုတယ်လုပ်ငန်း အမှတ်တံဆိပ်များမှ ကမ္ဘာ့နာမည်အကြီးဆုံး ကလေးကစားစရာ ကုမ္ပဏီအထိ ပံ့ပိုးပေးခဲ့ပါသည်။
လက်လီရောင်းဝယ်ရေးလုပ်ငန်းတစ်ခု၏ ဂုဏ်သိက္ခာကို သတ်မှတ်၊ ဖော်ဆောင်ပြီး ကာကွယ်ရန်အတွက် ကူညီရာတွင် ကျွန်ုပ်တို့သည် လုပ်ငန်းအပ်နှံသူများကို အာရှတစ်ခွင်မှ အံသြဖွယ်ရာ အကောင်းဆုံး ခရီးစဉ်များအတွင်း လိုက်ပါကူညီပေးခဲ့ပါသည်။ ကျွန်ုပ်တို့အဖွဲ့သည် ဈေးကွက်သစ်တွင် နာမည်ရစေရန် မိတ်ဆက်ပေးခြင်းမှသည် ကြည့်ရှုသူများအား တစ်မူထူးခြားသော အကြောင်းအရာများနှင့် ဖြစ်ရပ်များဖြင့် ဖျော်ဖြေခြင်းနှင့် မလေးရှားတစ်ခွင်၌ ပထမဆုံးသော သတင်းကားပုံစံ တစ်မျိုးအဖြစ် လှည့်လည်သွားရောက်ခြင်းအထိ ပုံစံအမျိုးမျိုးဖြင့် အလွန်ထိရောက်သော လုပ်ငန်းပတ်ဝန်းကျင်တစ်ခု ဖန်တီးရေးအတွက် အားသွန်ခွန်စိုက် လုပ်ကိုင်လျက် ရှိပါသည်။
ကျွန်ုပ်တို့မှ ကူညီတည်ဆောက်ပေးခဲ့သော အမှတ်တံဆိပ်၏ ဂုဏ်သိက္ခာတို့ကြောင့် ယခုအချိန်တွင် အာရှတစ်ခွင်၌ အောင်မြင်မှုများစွာ ရရှိနေပြီ ဖြစ်ပါသည်။
ဖြစ်ရပ်လေ့လာမှု – ဈေးကွက်ဦးဆောင် အွန်လိုင်းလက်လီအရောင်းဆိုင်တစ်ခုအတွက် ပြီးပြည့်စုံသော ဆက်ဆံမှုများဖြင့် ထောက်ပံ့ပေးခြင်း
ကျွန်ုပ်တို့ကို အရှေ့တောင်အာရှတွင် ဈေးကွက်ဦးဆောင်နေသော အွန်လိုင်းမှတစ်ဆင့် လက်လီအရောင်းဆိုင်တစ်ခုမှ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်ဟူသော ဒေသခြောက်ခု၌ ၎င်း၏ကော်ပိုရိတ်ဆိုင်ရာ ဆက်ဆံမှုများကို စီမံပေးရန်အတွက် တာဝန်ပေးခဲ့ပါသည်။ ကျွန်ုပ်တို့အဖွဲ့၏ တာဝန်မှာ အကြီးတန်း စီမံခန့်ခွဲမှု အဖွဲ့အတွက် နည်းဗျူဟာဆန်ဆန် ဆွေးနွေးတိုင်ပင်မှုများ လုပ်ဆောင်ပေးခြင်း၊ ဒေသခံ ဈေးကွက်များ၌ မိမိတို့လုပ်ငန်း၏ ကော်ပိုရိတ် လုပ်ငန်းရာဇဝင်ကို မြှင့်တင်ခြင်း၊ CEO ၏ လုပ်ငန်းသမိုင်းကြောင်းကို ကူညီစီမံခြင်းနှင့် ကုမ္ပဏီအတွက် အကျပ်အတည်းဆိုင်ရာ ဆက်ဆံမှုကို ကိုင်တွယ်ပေးခြင်းများ ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ရှိရင်းစွဲ အကြောင်းအရာတို့ကို အပြည့်အစုံ ပြည်လည်သုံးသပ်ပြီးနောက် သတင်းပို့ရန် စာရွက်စာတမ်းများ၊ Q&A၊ အချက်အလက်ပြ ဇယားများ၊ အမှတ်တံဆိပ်ဆောင်ပုဒ်နှင့် အသစ်ပြင်ဆင်ထားသော ဝက်ဘ်ဆိုက်များ အပါအဝင် ဆက်ဆံမှုဆိုင်ရာ အကြောင်းအရာသစ်များကို ဖန်တီးပေးခဲ့ပါသည်။ ကျွန်ုပ်တို့သည် ပြီးပြည့်စုံသော အကျပ်အတည်းဆိုင်ရာ ဆက်ဆံမှုလက်စွဲစာအုပ်ကို အကြမ်းရေးဆွဲခဲ့ပြီး ထိုအွန်လိုင်းမှ လက်လီအရောင်းဆိုင်၏ အကြီးတန်း စီမံခန့်ခွဲရေးအဖွဲ့အတွက် မီဒီယာလေ့ကျင့်ရေးတို့ကို CEO အတွက် အင်တာဗျူး အများအပြား မစီစဉ်မီ လုပ်ဆောင်ပေးခဲ့ပါသည်။
ထိုအွန်လိုင်းမှ လက်လီအရောင်းဆိုင်၏ ဆက်ဆံမှုနှင့် သတင်းစကားပို့ဆောင်မှုတို့သည် မတူညီသော ဒေသတွင်း ဈေးကွက်များ၌ ယခင်ကထက် ပိုမိုတည်ငြိမ်လာပြီဖြစ်ပြီး ၎င်းသည် ပြဿနာ အမျိုးမျိုးနှင့် ဖွံ့ဖြိုးမှုများကို ခုခံနိုင်သော ရင်းမြစ်များဖြင့် ပြည့်စုံနေပြီဖြစ်၍ ၎င်း၏ အကြီးတန်း စီမံခန့်ခွဲမှုပိုင်းမှလည်း Channel News Asia၊ BBC World News နှင့် Bloomberg TV တို့ အပါအဝင် ပလက်ဖောင်း အမျိုးမျိုးမှတစ်ဆင့် ၎င်း၏ နည်းဗျူဟာတို့ကို ရှင်းပြအသိပေးနိုင်ပြီ ဖြစ်ပါသည်။